ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Tuesday, November 2, 2010

ဘရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Dilma Rousseff ရွေးချယ်တင်မြှောက်ခံရ

ဘရာဇေးလီးယား-October31, 2010
ဘရာဇီးနိုင်ငံ၏ အာဏာရ အလုပ်သမားပါတီ (PT) ၏ သမ္မတလောင်း အဖြစ် ယှဉ်ပြိုင် အရွေးခံသူ Dilma Rousseff သည် အောက်တိုဘာလ (၃၁) ရက် တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ဘရာဇီးနိုင်ငံ၏ ၄၀ဆက်မြောက် သမ္မတ အဖြစ်အရွေးခံရသလို ပထမဆုံး အမျိုးသမီး သမ္မတလည်း ဖြစ်လာခဲ့သည်။

ရေတွက်ပြီး မဲပမာဏ ၇၆.၈၇ ရာခိုင်နှုန်းတွင် Dilma Rousseff သည် ခိုင်လုံသော ထောက်ခံမဲ ၅၃.၅၆ ရာခိုင်နှုန်းရရှိခဲ့ပြီး သူမအား ထောက်ခံအားပေးသူ ဦးရေ ၄၁.၂သန်းရှိသည်ဟု သိရသည်။ သူမ၏ ပြိုင်ဘက် သမ္မတလောင်း Jose Serra ကို လူပေါင်း ၃၅.၇သန်းက ထောက်ခံမဲ ပေးကြပြီး မဲအရေအတွက်များ၏ ၄၆.၄၄ ရခိုင်နှုန်ရှိခြင်းကြောင့် မဲအားလုံး အရေအတွက်ဖြင့် တွက်ချက်လျင်လည်း သူမ၏ ပြိုင်ဘက်များသည် သူမထက် မဲအရေအတွက် သာလွန်ဖွယ် မရှိကြောင်း သိရသည်။

Dilma Rousseff သည် ယခုကဲ့သို့ ဘာရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခြင်းသည် ယခင် အမျိုးသားများသာ ကြီးစိုးသော ကမ္ဘာ့ နိုင်ငံရေး နယ်ပယ်တွင် အမျိုးသမီး ခေါင်းဆောင်များသည် အရေးပါသော ကဏ္ဍသို့ ပိုမိုဦးဆောင် လှုပ်ရှားလာနိုင်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment