ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Monday, October 24, 2011

ဓမ္မာရုံမှာတောင် ဖိနပ်မချွတ်တဲ့ ဒုသမ္မတ

နိုင်ငံတော် အကြီးအကဲတဦးဖြစ်တဲ့ ဒေါက်တာ စိုင်းမောင်ခမ်းဟာ မနေ့ က အောက်တိုဘာ ၂၃ ရက်နေ့ ရေကြီးပြီး ၄ရက်မြောက်နေ့မှာ ပခုက္ကူကို ရောက်လာခဲ့ပါတယ်။ အမှတ် ၃ ရပ်ကွက် တိလောကရာမကျောင်း ဓမ္မာရုံမှာ လုပ်တဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ တခြားသူတွေဖိနိပ်မစီးကြဘဲ သူက ရှူးဖိနိပ်ကိုမချွတ်ဘဲ လူတွေလိုက်နုတ်ဆက်နေတယ်။ အလှူငွေတွေပေးနေတယ်။ ဓမ္မာရုံဆိုတာ ရဟန်းတော်များတောင် ဖိနပ်ချွတ်ဝင်ရပါတယ်။ ဘုန်းကြီးကျောင်းဝိုင်းထဲဆိုရင်တော့ ကျောင်းထိုင်ဘုန်းကြီးက ခွင့်ပြုရင်စီးခွင့်ရှိပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ခုလိုနိုင်ငံတော်အကြီးအကဲတယောက်က ဘာသာရေးကို မထေမဲ့မြင်လုပ်တာတော့ ရှုံ့ချကန့်ကွက်လိုက်ပါတယ်။

အောက်ကပုံတွေမှာ ရူစားကြပါကုန်


Sunday, October 16, 2011

အွန်လိုင်းမှ ဖုန်းခေါ်ဆိုနိုင်မည့် Ytalk ဝန်ဆောင်မှု စတင်မည်

ရတနာပုံတယ်လီပို့ကုမ္ပဏီ လီမိတက်သည် ပြည်တွင်းပြည်ပသို့ အွန်လိုင်းမှ တစ်ဆင့် တယ်လီဖုန်းခေါ်ဆိုနိုင်မည့် Ytalk ဟူသည့် ဝန်ဆောင်မှုတစ်ခုကို ယခုနှစ်မကုန်မီအချိန်အတွင်း စတင်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရားမဝင်ဟု သတ်မှတ်ထားသည့် Pfingo၊ VZO ကဲ့သို့သော နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများ ပပျောက်စေရန်အတွက် ယင်းဝန်ဆောင်မှုကို ရောင်းချရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

Ytalk စနစ်ဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာသို့ တယ်လီဖုန်း ခေါ်ဆိုနိုင်သည့် အဆိုပါ ဝန်ဆောင်မှုကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီက ကြိုတင်ငွေဖြည့်ကတ် စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ထိုကဲ့သို့ ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် ရောင်းချရာတွင် မြန်မာကျပ်ငွေအပြင် အက်ဖ်အီးစီဖြင့်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

တယ်လီဖုန်းခေါ်ဆိုနိုင်သည့် သတ်မှတ်နှုန်းထားများကိုမူ အသက်သာဆုံး ပမာဏများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် http://ytalk.yatanarpon.com.mm တွင် ကိုယ်ပိုင် Ytalk Calling Account တစ်ခုကို ဖွင့်ထားရမည် ဖြစ်သည်။

ယင်းကဲ့သို့ ရတနာပုံတယ်လီပို့ ဝက်ဘ်ပေါ်တယ်ပေါ်တွင် နိုင်ငံတာကသို့ တယ်လီဖုန်းခေါ်ဆိုနိုင်သည့် စနစ်အား အစိုးရက ပထမဦးဆုံး အကြိမ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး VOIP စနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Wednesday, October 5, 2011

Gtalk ကနေ မြန်မာနိုင်ငံကို ဖုန်း Message ပို့ချင်တဲ့ လူများအတွက်

gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်းMesge ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။

အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။ အောက်က ပုံလေးလို ပို့ကြည့်ပါ။




gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။

sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။

ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။