ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Tuesday, May 31, 2011

၂၀၂၂ ခုနှစ်တွင် နျူကလီးယား စွမ်းအင်စက်ရုံများ အားလုံး ပိတ်သိမ်းရန် ဂျာမနီ စီစဉ်

ဘာလင်-May 30, 2011

ဂျာမန်အစိုးရသည် အစိုးရအဖွဲ့အတွင်း ၁၂ နာရီအကြာ ဆွေးနွေးပြီးနောက် ဂျာမနီ နိုင်ငံတွင်းရှိ နျူကလီးယား စွမ်းအင်စက်ရုံ (၁၇) ရုံးစလုံးအား လာမည့် ၂၀၂၂ ခုနှစ်တွင် အပြီးတိုင် ပိတ်သိမ်းရန် စီစဉ်နေကြောင်း မေလ ၃၀ ရက် တနင်္လာနေ့ နံနက်ပိုင်းက ကြေငြာခဲ့သည်။


http://patheincity.com/news//HLIC/f7a0bf67973b5d1344073c04f949066b.jpg


သဘာဝပါဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး Norbert Roettgen ကပြောကြားရာတွင် ဂျပန်နိုင်ငံ၏ ဖူကူရှိးမား အနုမြူ ဓါတ်ပေါင်းဖို ဘေးအန္တရယ် ကျရောက်ခဲ့သော မတ်လအတွင်းကပင် သက်တမ်းကြာနေပြီးဖြစ်သော နျူကလီးယား စွမ်းအင်စက်ရုံ (၇) ခုကို ရပ်တန့်ထားပြီး ဖြစ်ကာ ၎င်းတို့အနက် Kruemmel နျူကလီးယား စွမ်းအင်စက်ရုံ ကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။


ကျန် နျူကလီးယား စွမ်းအင်စက်ရုံ (၆) ခုကို လာမည့် ၂၀၂၁ ခုနှစ်တွင် ပိတ်သိမ်းသွားမည် ဖြစ်ပြီး နိုင်ငံ၏ အသုံးပြုသော စုစုပေါင်းစွမ်းအင် ပမာဏ၏ ၂၃ ရာခိုင်နှုန်းဖြစ်သော နျူကလီးယား စွမ်းအင်စက်ရုံများ ပိတ်သိမ်းပြီးနောက် ပေါ်ပေါက်လာနိုင်သော လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများအတွက် အရန်အဖြစ် နောက်ဆုံး တည်ဆောက်ထားသော စက်ရုံ (၃)ရုံကို ၂၀၂၂ ခုနှစ်အထိ လည်ပါတ်ထားမည်ဖြစ်ကြောင်း သိရသည်။


http://patheincity.com/news//HLIC/54e5d4cd6ec51ad8f93b664022bab234.png



“အခုဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က တိကျပြတ်သားပြီး ခိုင်မာပါတယ်။ ဆုံးဖြတ်ချက်ကို ပြန်လည် ပြောင်းလဲစရာ အကြောင်းလည်း မရှိပါဘူး” ဟု သဘာဝပါဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး Norbert Roettgen က ပြောကြားပါသည်။


ယခုဆုံးဖြတ်ချက်သည် ပြီးခဲ့သော နှစ်က ဂျမန်အစိုးရက ၂၀၃၅ ဟု သတ်မှတ်ခဲ့သည့် နျူကလီယား စွမ်းအင်စက်ရုံများ ပိတ်သိမ်းမည့် အချိန်ကို ရှေ့သို့တိုးကာ ၂၀၂၂ အဖြစ် ပြန်လည်ဆွေးနွေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော သြစတေးလျ နိုင်ငံကို ဆိုက်ကပ်

နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ရေကြောင်းဖြင့် ကမ္ဘာပါတ်မည့် ခရီးစဉ်အဖြစ် Turanor PlanetSolar ဟု အမည်ရသော ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘောသည် မနားမား တူးမြောင်းမှ စတင်ထွက်ခွာလာရာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လျက် သြစတေးလျနိုင်ငံ Brisbane မြို့တော် သို့ မေလ ၂၉ ရက်နေ့က ဆိုက်ရောက်လာခဲ့သည်။



http://patheincity.com/news//HLIC/6cb0876f923db7939996994da30d3cb9.jpg


http://patheincity.com/news//HLIC/7aa71aa750dc0e31485009adb010c6ae.jpg


http://patheincity.com/news//HLIC/19e803ca90ae713663e4fb49cb8906e4.jpg


http://patheincity.com/news//HLIC/a52d0e73669187fff74567ea247fa7cc.jpg


http://patheincity.com/news//HLIC/7010e850b4e8332b36f54bd073479008.jpg



http://patheincity.com/news//HLIC/d2921bc8dbe2fed22257a2a55c84bc3e.jpg

ကုန်းပါတ်ပေါ်တွင် ၅၀၀ စတုရန်းမီတာ အကျယ်ရှိ ဆိုလာပြားများ တပ်ဆင်ထားသော အာကာသယဉ် ဆန်ဆန် ဒီဇိုင်းမျိုးဖြင့် သဘောကျဖွယ်ရာ ဂျာမနီနိုင်ငံလုပ် Turanor PlanetSolar သင်္ဘောသည် ၃၁ မီတာ ရှည်လျားပြီး သြစတေးလျသို့ ရောက်ရှိရန် ၁၀ရက်ကြာ မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

Wednesday, May 25, 2011

ခေါက်ချိုးပြီး အလွယ်တစ်ကူ သယ်သွားနိုင်မယ့် Feno folding notebook ကွန်ပျူတာ

နယ်သာလန် ဒီဇိုင်နာ Niels van Hoof ပုံစံထုတ်ထားသော Feno Notebook သည် အလွယ်တစ်ကူ ခေါက်ချိုးပြီး သယ်သွားနိုင်မယ့် မျိုးဆက်သစ် Notebook တစ်မျိုးဖြစ်သည်။ ပုံမှန် Notebook ကွန်ပျူတာ အများစု၏ မျက်နှာပြင် အကျယ်သည် ၎င်း၏ keyboard အရွယ်နှင့် အချိုးကျ တပ်ဆင်လေ့ရှိသော်လည်း Feno Notebook တွင်မူ သေးငယ်ကျစ်လစ်သော ကီးဘုတ်နှင့် ကြီးမားပြီး ခေါက်ချိုးနိုင်သော မျက်နှာပြင်တို့ ပါဝင်သည်။


၎င်းကဲသို့ ခေါက်ချိုးနိုင်စေရန် LCD မျက်နှာပြင်အစား ကွေးနိုင်ဆန့်နိုင်သည့် OLED မျက်နှာပြင်ကို သုံးစွဲထားပြီး Wireless mouse ကိုပါ Notebook အတွင် အလွယ်တစ်ကူ ထည့်သွင်းထားနိုင်အောင် တည်ဆောက်ထားသော သဘောကျစရာ ဒီဇိုင်းတစ်ခုဖြစ်သည်။







Monday, May 23, 2011

ကမ္ဘာတလွား ဒေသအမျိုးမျိုးမှ စိတ်ဝင်စားဖွယ်ရာ အငှားယဉ်များ

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နေရာ ဒေသအလိုက် အဆင်ပြေ လိုက်ဖက်ညီသော သယ်ယူပို့ဆောင်ရေး ပုံစံများ ရှိကြရာ မတူညီသော ဒေသအမျိုးမျိုးမှ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေကြသော ပုံစံအမျိုးမျိုးဖြင့် အငှားယဉ်များကို စိတ်ဝင်စားဖွယ်ရာ မြင်တွေ့ရသည်။


Havana, Cuba – ကျူးဘားနိုင်ငံ


Taxi Cabs All Over the World (14 pics)


Puno, Peru – ပီရူးနိုင်ငံ


Taxi Cabs All Over the World (14 pics)


Acapulco, Mexico – မက္ကစီကို



Taxi Cabs All Over the World (14 pics)


Goa, India-အန္ဒိယ


Taxi Cabs All Over the World (14 pics)


Hanoi, Vietnam – ဗီယမ်နမ်


Taxi Cabs All Over the World (14 pics)


Maputo, Mozambique -မိုဇင်ဘတ်


Taxi Cabs All Over the World (14 pics)


Bangkok, Thailand -ထိုင်းနိုင်ငံ


Taxi Cabs All Over the World (14 pics)


Nanjing, China – တရုတ်နိုင်ငံ


Taxi Cabs All Over the World (14 pics)


New York City, United States – အမေရိကန် ပြည်ထောင်စု



Taxi Cabs All Over the World (14 pics)


Djoudj National Park, Senegal -ဆီနီဂေါ


Taxi Cabs All Over the World (14 pics)


Berlin, Germany-ဂျာမနီ


Taxi Cabs All Over the World (14 pics)


Muang Sing, Laos- လာအို


Taxi Cabs All Over the World (14 pics)


Jaen, Peru – ပီရူးနိုင်ငံ


Taxi Cabs All Over the World (14 pics)


Berlin, Germany – ဂျာမနီ


Taxi Cabs All Over the World (14 pics)