ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Sunday, October 31, 2010

သီချင်းကြိုက်တတ်သူများ အတွက်ပါ (တတိယကာရန်)

တတိယကာရန်

၁. အားလုံးအတူတူ (feat - ဂျိုကာ)

၂. ငါဘာမှမသိ (feat - Jenny)

၃. ကိုယ့်ရဲ့ကွက်လပ်

၎. ဘာစားမလဲအစ်ကို (feat - ထိန်ဝင်း)

၅. တို့နှစ်ယောက်အကြောင်း (feat - သားကြီး)

၆. ၀မ်းတူး ၀မ်းတူး (feat - ချမ်းအေးဝင်း)

၇. မနှုတ်ဆက်ချင်ဘူး (feat - အိမ့်ချစ်)

၈. ကောင်ကလေးကကောင်မလေးကို (feat - အစ္စဏီ)

၉. မဟုတ်ရပါဘူး (feat - ထိန်ဝင်း)

၁၀. ရိုးမြေကျ

၁၁. မင်းနဲ့ပျော်ချင်လို့

၁၂. နတ်သမီး (feat - အစ္စဏီ)

၁၃. တစ်ယောက်တစ်မျိုး (feat - Ah Boy)

၁၄. မနှုတ်ဆက်ချင်ဘူး (feat-လွှမ်းပိုင်၊ အိမ့်ချစ်၊ Bobby Soxer(ထက်ထက်))

သီချင်းကြိုက်တတ်သူများအတွက်ပါ...


My Collection

(၁)မမေ့နိုင်သောသူ (Amz & Tayza MC)
(၂)မညီမျသောလမ်းခွဲ (ကျော်ထွဋ်ဆွေ feat အိမ့်ချစ်)
(၃)မမြင်ကွယ်ရာ (ရဲလေး,စိုးကြီး&SZ)
(၄)အဲဒါဘဝဘဝ (ကျွဲပေါက် &Bigg Y)
(၅)တော်ရိရော်ရိ (ကြက်ဖ &G-Tone)
(၆)အကောင်းဆုံး (ရသ,နတ်ကျော်,လန်ဘား)
(၇)အမှတ်တရအနမ်း (MCဇေရဲ)
(၈)မင်းအတွက် (စိုးကြီး&SZ)
(၉)အမှန်လေး (ဂျောက်ဂျက် Remix by ဒီဂျေဝိုင်)
(၁၀)ငါ့နေရာ (ရဲရင့်အောင် Feat ဇေရဲ)
(၁၁)ခွဲခွါခြင်းမှတ်တိုင် (Jumpa , Hein Nyi , A.kyi feat:Zuric ( All Black )
(၁၂)နေတတ်သလိုနေ ကျော်ထွဋ်ဆွေ,MCဇေရဲ,MC Freddy,MHL)
(၁၃)ချစ်တယ်ပြောချင်လို့ (ဂျေမီ & အာတီ ) Remix by KGK
(၁၄)ပညာပေး (ဂျေမီ &စန္ဒီမြင့်လွင်)
(၁၅)In The Other Heart(Tay Za MC feat MC Zay Ye)
(၁၆)Missing You (သဲချစ်ကို)
(၁၇)Old Days (Bunny Phyo & Unknown)
(၁၈)Song For YUFC (ဂျေမီ)
(၁၉)ကျွတ်ဆင်(G-Family)
(၂၀)To Da Floor (အာတီ)
(၂၁)ဆပ်ပြာပဲRemix (လွမ်းပိုင် & ထိန်ဝင်း)
(၂၂)မ...ကို (New Version) {picalio feat လမင်း(Young$tarZ)}

Saturday, October 30, 2010


CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး

စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးကို မထောက်ခံကြရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် တရုတ်နိုင်ငံက အပြင်းအထန် စည်းရုံးနေကြောင်း သတင်းရရှိသည်။



၂၀၁၀၊ စက်တင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆိုနေသည့် တရုတ် သမ္မတ ဟူကျင်းတောင် (ဓာတ်ပုံ - Reuters)
အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပီဂျေ ခရော်လေ က အမေရိကန် အနေဖြင့် CoI ဖွဲ့စည်းရေးကို ထောက်ခံကြရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေချိန်တွင် တရုတ်နိုင်ငံက တခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအပေါ် ခြိမ်းခြောက်သည့်သဘောမျိုးဖြင့် မထောက်ခံကြရန် ပြောဆိုမှုများရှိနေသည်ဟု ၎င်း၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြောင်း သိရသည်။

“ဒီအခြေအနေမှာ ဘယ်လို အပြန်အလှန် ပြောဆိုမှုတွေ ပေါ်လာဦးမလဲ ဆိုတာကိုတော့ မပြောတတ်သေးပါဘူး။ သေချာတာ တခုက ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေပါတယ်။ တရုတ်အရာရှိတွေနဲ့ ဆွေးနွေးဖို့ ကျနော့်အနေနဲ့ အတင်းအကျပ် လုပ်ဆောင်မှာ မဟုတ်ပါဘူး” ဟု ပီဂျေခရော်လေ က ဆိုသည်။

မစ္စတာ ပီဂျေခရော်လေ က မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် ကိစ္စများအပေါ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မတူညီသော အမြင် သဘောထားများ ရှိကြကြောင်း၊ တချို့နိုင်ငံများသည် CoI ဖွဲ့စည်းရေးကို ထောက်ခံမှုသော်လည်း ကျန်ရှိနေသော နိုင်ငံများသည်း မတူညီသည့် အကြောင်းပြချက်ပေါင်း ၂၅ ခုကြောင့် နှောင့်နှေးနေကြခြင်း ဖြစ်ကြောင်း ပြောသည်။

CoI ဖွဲ့စည်းရေးအတွက် လှုံ့ဆော်နေသည့် အဖွဲ့အစည်းတခုဖြစ်သော ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေး ဌာန (မြန်မာနိုင်ငံ) (HREIB) အဖွဲ့မှ မချယ်ရီဇောင်ဟောင်း က တရုတ်နိုင်ငံအပြင် အိန္ဒိယနိုင်ငံသည်လည်း CoI ဖွဲ့စည်းရေးကို ထောက်ခံခြင်းမရှိဟု ဧရာဝတီသို့ ပြောသည်။

“သူတို့တွေက စစ်အစိုးရကို ကာကွယ်နိုင်သလောက် ကာကွယ်ကြမှာပဲလေ။ အဲဒီလို အကာအကွယ်ပေးနိုင်မှပဲ မြန်မာနိုင်ငံက သယံဇာတတွေ အကျိုးအမြတ်တွေ ရရှိမယ်လေ။ ဒါကတော့ ထူးထူးခြားခြား မဟုတ်ဘူးလို့ ကျမ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရအား ယခုကဲ့သို့ အကာအကွယ်ပေးနေခြင်းသည် မြန်မာနိုင်ငံသားများကို ဖိနှိပ်ရာရောက်ကြောင်း၊ လူ့အခွင့်အရေးကို အလေးအနက်ထားရန် တိုက်တွန်းနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဆန့်ကျင်ရာရောက်ကြောင်းနှင့် ၎င်းတို့ နိုင်ငံအနေဖြင့်လည်း သိက္ခာကျကြောင်း မချယ်ရီဇောင်ဟောင်း က ဝေဖန်သည်။

CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ နယူးဇီလန်၊ နယ်သာလန်၊ ချက်သမ္မတနိုင်ငံ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်က ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။

ရွေးကောက်ပွဲကြောင့် အပြောင်းအလဲ မဖြစ်နိုင်ဟု တိုင်းရင်းသားများပြော

စစ်အစိုးရက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲရလဒ်မှ မည်သည့် နိုင်ငံရေးပြောင်းလဲမှုမျှ ဖြစ်လာမည်မဟုတ်ဟု ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

မြန်မာ့အရေး လှုပ်ရှားသူများနှင့် ထိုင်းရုပ်သံလိုင်း Thai Public Broadcasting Service တို့ ဦးစီးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်တွင် ယမန်နေ့က ကျင်းပသည့် “၂၀၁၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားများ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲတွင် ဤသို့ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။



ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း မြင်ကွင်း။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်အစိုးရအကြား ပဋိပက္ခများကြောင့် ဒုက္ခသည်များ တိုးပွားလာဖွယ်ရှိသည် (ဓာတ်ပုံ - Reuters)
ဆွေးနွေးပွဲ တက်ရောက်လာသည့် ကရင်အမျိုးသား ကွယ်စေး က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားတွေအတွက် အာမခံချက် မရှိသလို ဘယ်လိုမှလည်း အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူးဟု ဆိုသည်။

ရှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန်ယက် (SWAN) အဖွဲ့မှ မနန်းချမ်တောင်းက စစ်အစိုးရသည် စစ်ယူနီဖောင်းမှ အရပ်သားအဝတ် ပြောင်းလဲလိုက်ခြင်းသာဖြစ်ကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် မည်သည့် နိုင်ငံရေး အပြောင်းအလဲမျှ ဖြစ်လာမည် မဟုတ်ကြောင်း ပြောသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ အပစ်ရပ်အဖွဲ့များကို ဖိအားပေးနေခြင်းသည် ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များ၊ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ ပို၍ တိုးပွားလာစေနိုင်သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများက ပြောဆိုကြသည်။

ကရင်အမျိုးသမီးအဖွဲ့ (KWO) မှ ဝါးခူးရှီး က စစ်အစိုးရအနေဖြင့် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ လိုလားပါက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် စတင် သင့်သည်ဟု ပြောဆိုသည်။

တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလိုပါက မိမိတို့ဘက်မှ အသင့်ရှိသည်ဟုလည်း ဝါးခူးရှီးက ဆက်လက်ပြောသည်။

မွန်အမျိုးသမီးတဦးဖြစ်သူ မိအိုက်စောင်းန်က ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် ဖြေရှင်းချက်တရပ် မဟုတ်ကြောင်း၊ စစ်အစိုးရကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမည့် ရွေးကောက်ပွဲတခုသာ ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို အင်တာနက်မှ တိုက်ရိုက် Live ထုတ်လွှင့်ခဲ့ပြီး တက်ရောက်လေ့လာသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အစိုးရ အပေါ်တွက် ဆက်လက်၍ ဖိအားပေးသွားရန် တိုင်းရင်းသား အဖွဲ့အစည်းများက ဆွေးနွေးပွဲအပြီးတွင် တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည်။

စစ်အစိုးရက ရုရှားနိုင်ငံမှ မကြာသေးမီက ဝယ်ယူခဲ့သည့် Mi- 24 အမျိုးအစား စစ်သုံးရဟတ်ယာဉ်များသည် ရွေးကောက်ပွဲ အပြီး တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူ များက ပြောဆိုကြသည်။

ဒီပုံလေးကိုလေ့လာကြည့်ပါနော်

ရွှေဖရုံသီးများအား ပုံဖော်ခြင်း

အမေရိကန်မှ ပန်းချီပန်းပု ဒီဇိုင်နာ နှစ်ယောက်မှာ ဇွန်းဖြင့် ရွှေဖရုံသီးအား ထိုကဲ့သို့ပုံများဖြစ်အောင် ပုံဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုပန်းပု တစ်ခုစီအတွက် အချိန် ၂ နာရီသာကြာတယ်လို့ သိရပါတယ်။










Friday, October 29, 2010

ကမ္ဘာအကျယ်ဆုံး ပါးစပ်ပိုင်ရှင်





နာမည်ကတော့ ဖရန့်စစ်စကို ဒိုမီဂို ဂျိုအာကွင်း (Francisco Domingo Joaquim)ဖြစ်ပြီး အင်ဂိုလာ နိုင်ငံမှ ဖြစ်ပါတယ်။ ပါးစပ်ကတော့ ၆.၆၉ အကျယ်အထိ ဖွင့်ဟလို့ရသူဖြစ်တဲ့အတွက် ကမ္ဘာထူးဆန်းအံ့ဖွယ် မှတ်တမ်းထဲမှာ ကမ္ဘာအကျယ်ဆုံးပါးစပ်ပိုင်ရှင်အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။

နဘန်းသတ်သူလေး Lindsay Hayward










Lindsay Hayward ရဲ့အသက်ကတော့ ၂၃ ဖြစ်ပါတယ်။ သူမက ကနေဒါနိုင်ငံ Walnut Creek မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အမေရိကန်ရဲ့ လူသိများတဲ့ ကြေးစား နဘန်း သမားတစ်ယောက်ဖြစ်နေပါပြီ။ သူမအကြောင်းကိုပြောရရင်တော့ သူမဟာ အသက် ၁၃ နှစ်အရွယ်မှာကတည်းက အရပ် ၆ပေနဲ့ ၉လက္မရှိနေခဲ့ပြီဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စိတ်ကြမ်းလူကြမ်းတစ်ဦးလည်းဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် မိန်းမချင်းရန်ဖြစ်ပြီး တဖက်မိန်းခလေးကို သတ်ပုတ်ပြီး ထိုမိန်းခလေးကို အုတ်နံရံဆီသို့ ဆွဲပစ်ခဲ့ပါတယ်။ သိပ်မကြာခဲ့ပါဘူး နေအိမ်မှထွက်လာပြီး မော်ဒယ်ကဲ့သို့အလုပ်မျိုးနဲ့ ရပ်တည်ခဲ့ပါတယ်။ အတိုချူပ်ပြောရရင်တော့ သူ့လူကောင်ကို ဘယ်နေရာမှာ အသင့်တော်ဆုံးလဲကို သူသဘောပေါက်ပြီး ၂ဝဝ၈ ခုနှစ် ဇွန်လ မှာ ကြေးစားနှဘန်းသမားဘဝကို စတင်ရောက်ရှိခဲ့ပါတယ်။

ဒီလို အားကစားရုံမှာ လေ့ကျင့်ခဲ့ပြီး ကြွက်သားနဲ့ ခွန်အားတွေတိုးဖို့ အတွက် ၂နာရီတစ်ခါ ကြက်သား ၅ အောင်စ ကို စားခဲ့ပါတယ်။ ၂ဝ၁ဝ မှာတော့ သူများကို စင်ပေါ်မှာ ပရိတ်သတ်တွေပေးတဲ့ Aloisia ဆိုတဲ့နာမည်ကိုရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၅ရက် စက်တင်ဘာလ ၂ဝ၁ဝမှာတော့ Vickie Guerrero က ပါတီပွဲနှစ်ခုမှာ WWE (ကမ္ဘာ့နဘန်းဖျော်ဖြေမှု့) နဲ့ Lindsay Hayward စာချူပ်ကုန်သွားပြီလို့ပြောကျေငြာခဲ့ပါတယ်။ ပြသနာကတော့ လွန်ခဲ့တဲ့ ၅ နှစ်ကရိုက်ထားခဲ့တဲ့ဓါတ်ပုံကြောင့်ဖြစ်ပါတယ်။ Lindsay Hayward ရဲ့ပြောပြချက်ကတော့ သူ့ပထမဆုံး WWE မှ ကမ်းလှမ်းခဲ့စဉ်က ကိုယ်ရေးပုံစံကိုဖြည့်ရတဲ့အတွက် သူမရဲ့ နောက်ကြောင်းရာဇဝင် နဲ့ အချက်အလက်တွေအားလုံးကို ဖြည့်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မကို သူတို့မေးလာတာကတော့ မင်းအနေနဲ့ အဝတ်အစားဗလာ နဲ့ ဓါတ်ပုံရိုက်နိုင်မလားလို့ မေးခဲ့ပါတယ်။ ကျွန်မကတော့ ဒီမေးခွန်နဲ့ ပါတ်သက်ပြီး (NO)လို့ပြန်ဖြေကြားခဲ့ပါတယ်။ YES လို့သာဖြေခဲ့ရင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်မှာဖြစ်ပါတယ်။ ကျွန်မတကယ်မသိတာကတော့ သူတို့ရဲ့ လုပ်ထုံးလုပ်စဉ်ကိစ္စတွေဘဲဖြစ်ပါတယ်။ နောက်ဆုံးပြောရရင်တော့ လွန်ခဲ့တဲ့ ၅နှစ် လောက်ကရိုက်ခဲ့တဲ့ သူမ အိဗာဝိတ် နဲ့ ပုံပျက်ပန်းပျက်အချိန် ကဓါတ်ပုံတွေကို အွန်လိုင်းမှာ အမှတ်မထင်သူမပြန်တွေ့လိုက်ရတဲ့ကိစ္စတွေ ကြောင့်ဖြစ်ပါတယ်။