ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Tuesday, November 29, 2011

မားစ်ဂြိုဟ်ကို လေ့လာရန် သုတေသနယဉ် ပါဝင်သော ဒုံးပျံကို နာဆာက လွှတ်တင်

အမေရိကန်နိုင်ငံရဲ့ အမျိုးသား လေကြောင်းနဲ့အာကာသ ထိန်းချုပ်စီမံခန့်ခွဲရေး အဖွဲ့(နာဆာ) က၊ နိုဝင်ဘာ ၂၆ ရက် စနေနေ့ မနက် (၁ဝ) နာရီမှာ၊ လူသားမပါတဲ့ အက်လတ်စ် (၅) ဒုံးပျံကို ဖလော်ရီဒါ ကနေဗာရယ်ကျွန်းဆွယ် လေတပ်စခန်းမှ လွှတ်တင်လိုက်ပါတယ်။ စင်္ကြာဝဋာ ဂြိုဟ်တခုဖြစ်တဲ့ မားစ် ဂြိုဟ် (အင်္ဂါဂြိုဟ်) ရဲ့လျှို့ဝှက် ဆန်းပြားတာတွေကို လေ့လာဘို့ အမေရိကန် ဒေါ်လာ ၂.၅ ဘီလျှံ အကုန်ခံပြီး လွှတ်တင်ခဲ့ခြင်း ဖြစ်ပါတယ်။

http://patheincity.com/news//HLIC/dbf760bd81bbf1cf17dab848cd94c37c.jpg

http://patheincity.com/news//HLIC/d214d25acf30fe8d5c614597caa34232.jpg

http://patheincity.com/news//HLIC/fed2e802671e14eb14fdfbdeef3d0d42.jpg

http://patheincity.com/news//HLIC/13e657f3ff8e569121195b2571f45c4e.jpg

http://patheincity.com/news//HLIC/ab96b80a3b8d994f103bddec3b3cae66.jpg

“ပြင်းထန်တဲ့ လေ့လာလိုအားဆန္ဒ”လို့ ချစ်စနိုးအမည်ပေးထားတဲ့၊ သာမာန် ကားလေးတစင်း အရွယ်သာသာ၊ ဒီ မားစ် ဂြိုဟ် သိပ္ဗံသုတေသန ယာဉ်ကလေးဟာ နျူကလိယား စွမ်းအင်နဲ့မားစ် ဂြိုဟ်ပေါ်မှာ မောင်းနှင်နေမှာဖြစ်ပါတယ်။ သက်ရှိသတ္တဝါတွေ မားစ် ဂြိုဟ်ပေါ်မှာ နေခဲ့တဲ့ အထောက်အထားတွေနဲ့ လူတွေ နေဘို့ သင့်မသင့် လိုအပ်တာတွေ စူးစမ်းလေ့လာပြီး အနီရောင် အာကာသဆီ၊ ၂ဝ၁၂ သြဂုတ်လ ၆ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ အစီစဉ်ဆွဲထားကြောင်း သိရပါတယ်။

Tuesday, November 22, 2011

ချင်းမိုင် တန်ဆောင်တိုင် (မြန်မာပြည် အလွမ်းဖြေချင်သူများအတွက်













အမေရိကန် တေးဂီတ ဆုပေးပွဲကို လွှမ်းမိုးသွားတဲ့ တေလာဆွစ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညက ပြုလုပ်ခဲ့တဲ့ ၃၉ ကြိမ်မြောက် အမေရိကန် တေးဂီတ ဆုများ ပေးပွဲ အခမ်းအနားမှာ၊ ဒီနှစ်ရဲ့ အနုပညာသမားဆု အပါအဝင် ဆုပေါင်း ၃ ဆုကို ရသွားတဲ့ အဆိုတော် တေလာဆွစ် က သူမအဖို့ အင်မတန် ကြီးကြယ်တဲ့ညပါပဲ၊ သူမရဲ့ ကြည်နူးမှုတွေကို အတူတက်ရောက်သူ အကို အော်စတင်နဲ့ အတူ အတိုင်းမသိ ပျော်ရွှင်ခံစားခဲ့ပါတယ်ဟု ဆိုပါသည်။

ကျွန်မအကိုလာပြီး ဒါတွေ မြင်သွားရတာ တကယ့်ကို ကြည်နူးမိတယ်။ သူက ကောလိပ်မှာ တချိန်လုံးနေတယ်။ ကျမနဲ့ လုံးဝ တခြားစီပဲ။ ကျမရဲ့ လောကလေးထဲကို တစက္ကန့် လေးလောက် ခေါ်လာပြလိုက်ရတာ ကျမအတွက် တကယ့် အောင်မြင်မှုပါ လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ ဒီလို သူမရဲ့ အကြီးအကျယ် အောင်မြင်မှုရတဲ့ညမှာ ရင်းနှီးတဲ့သူငယ်ချင်း ဆလီနာ ဂိုးမက် ကို တက်ရောက်တဲ့ ပရိဿတ်ထဲမှာတွေ့ ရလို့ သိပ်ပြီး စိတ်လှုပ်ရှား ဝမ်းသာမိတယ်လို့ လည်း တေလာဆွစ်က ပြောခဲ့ပါတယ်။

http://patheincity.com/news//HLIC/e78afd12c7b1b7ebacac783b7dcbb03e.jpg

“သူငယ်ချင်းတွေအားလုံး၊ ကျွန်မ မိသားစု၊ ဆလီနာ မင်းတို့ အားလုံးကို ချစ်တယ် လို့ ကျမ စင်မြင့်ပေါ်က ပြောလိုက်တယ်။ ဒါတွေ ကျမ ရင်ထဲ ဦးနှောက်ထဲက အလိုလို ထွက်သွားတာပါ။ ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်မ ဘာပြောရမှန်း တကယ် ရိုးရိုးသားသား မသိတော့လို့ ပါ။” သူမရဲ့ လုပ်ဖော်ကိုင်ဘက်တွေ နဲ့ အကို အော်စတင်ကို ကျေးဇူးတင်ကြောင်းလည်း

ပြောသွားပါတယ်။ ဆု ၃ ခုလက်ခံရယူပြီး စင်မြင့်နောက်ကို ဆင်းလာတဲ့ တေလာဆွစ်ဟာ မယုံကြည်လောက်အောင် စိတ်လှုပ်ရှားခံစားမှုတွေ ဖြစ်နေပါတယ်။

http://patheincity.com/news//HLIC/3decd746d045f4b05ed24757ae4a1585.jpg


“ဒါဟာ ကျွန်မအဖို့  ကြီးကြယ်တဲ့ညပါ။ ဒါတွေ ဖြစ်ခဲ့တာ မယုံနိုင်စရာပဲ။ ကျွန်မကို ချစ်တဲ့ ပရိဿတ်ကတော့ တကယ့် အံ့သြစရာပဲ။ ၃ ဆုတောင်မှ။ ကောင်းလိုက်တာ။ ကျမက တခုတော့ မျှော်မှန်းထားခဲ့ပါတယ်။ တခုလောက်ရရင်တော့ ဘယ်လောက် ကောင်းမလဲပေါ့လေ။ ဒါဆို အကြီးအကျယ်ပေါ့” လို့  သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

“ဆုတဆုရပြီးတော့ ဒါဟာ အံ့သြသင့်စရာပဲ ဒီညဟာ အကောင်းဆုံးညပေါ့။ နောက်တော့ ဟော နောက်ထပ် တဆု။ ပြီးတော့ အကြီးဆုံးဆုကြီးဖြစ်တဲ့ ဒီနှစ်ရဲ့ အနုပညာသမားဆု၊ ဒါတွေဖြစ်လာခဲ့တာ ကျွန်မအဖို့ မယုံနိုင်စရာပဲ” လို့  တေလာဆွစ်က ပြောခဲ့ပါတယ်။

ကနေဒါ နိုင်ငံက ပလတ်စတစ် ပိုက်ဆံကို တရားဝင် သုံးငွေအဖြစ် စတင် ထုတ်ဝေ

ကမ္ဘာတဝှမ်းမှာ ပလတ်စတစ် ခရက်ဒစ် (အကြွေးဝယ်) ဒက်ဘစ် (လက်ငင်းဝယ်) ကဒ်တွေ သုံးပြီး နေ့စဉ် ဝယ်ခြမ်းနေကြပေမယ့် ငွေစက္ကူကိုတော့ လက်မလွှတ်ရသေးပါဘူး။ ဒါ့ကြောင့် ကနေဒါနိုင်ငံက ဒီလ ပြီးခဲ့တဲ့ အပတ်က ပလတ်စတစ်ပိုက်ဆံ (ငွေပလတ်စတစ်) ကို တရားဝင်သုံးငွေအဖြစ် စတင်ထုတ်ဝေလိုက်ပါတယ်။

ဒီ (ငွေပလတ်စတစ်) ဟာ ပိုလီမာ လို့ခေါ်တဲ့ ပလတ်စတစ်တမျိုးနဲ့လုပ်ထားပါတယ်။ ဒီ ငွေပလတ်စတစ် ဟာ ငွေစက္ကူထက်တာရှည်ခံမှာဖြစ်ပြီး အတုလုပ်မယ့်သူတွေ ခေါင်းကုတ်အဖြေရှာ မရနိုင်အောင် လုံခြုံရေး လှို့ဝှက် သော့ချက်တွေ အများကြီးထည့်ထားတယ်။ ဒီ ငွေပလတ်စတစ် မှာ ကြည်လင်ပြီး တဖက်ကို ဖောက်ထွင်းမြင်ရတဲ့ ပြူတင်းပေါက်နှစ်ပေါက်ပါပါတယ်။ ကနေဒါနိုင်ငံရဲ့သင်္ကေတဖြစ်တဲ့ မေပယ်လ်ရွက်ပုံ ပထမပြူတင်းပေါက်မှာ အတုလုပ်လို့မရအောင် ဖန်တီးထည့်သွင်းထားတဲ့ လုံခြုံရေး လှို့ဝှက် သော့ချက်တွေပါတယ်။ အလင်းရောင်မှာ ထောင်ကြည့်လိုက်ရင် ဒီ ငွေပလတ်စတစ်ရဲ့တန်ဘိုးကို စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပြီး ရေးထားတယ်။

ကနေဒါ ဒေါ်လာ ၁ဝဝ တန် ငွေပလတ်စတစ်ရဲ့ အရှေ့ဘက်ခြမ်းက အလယ်ခေါင်မှာ ဝန်ကြီးချုပ် ရောဘတ် ဘော်ဒင် ရုပ်ပုံကို ထင်ရှားကြီးမားစွာ ရိုက်နှိပ်ထားပါတယ်။

http://patheincity.com/news//HLIC/f512930087a77cf4723ea60e72cc745a.jpg

နောက်ထပ် ဒုတိယ ပြူတင်းပေါက်ဟာ အရွယ်အစား ပိုပြီးကြီးတယ်။ ဒီငွေပလတ်စတစ်အလယ်ခေါင်မှာ ထင်ထင်ရှားရှား ပုံနှိပ်ထားတဲ့ နိုင်ငံတော်က လေးစားမြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်ပုံကို၊ ဒုတိယပြူတင်းပေါက်ရဲ့ အထက်ပိုင်းမှာ သတ္ထုရောင်လွင်လွင်နဲ့ခပ်သေးသေး ခြုံ့ပြီး ထပ်မံရိုက်နှိပ်ထားပါတယ်။ ဒီရုပ်ပုံရဲ့ အောက်နားမှာ ကိန်းဂဏန်းတန်ဘိုးတွေကို ထပ်မံရိုက်နှိပ်ထားပါတယ်။ ကိန်းဂဏန်းတန်ဘိုးတွေရဲ့ အောက်မှာ ကနေဒါက ထင်ရှားတဲ့ အဆောက်အဦတခုပုံကို သတ္ထုရောင်လွင်လွင်နဲ့ရိုက်နှိပ်ထားပါတယ်။ ဒီငွေပလတ်စတစ်ကို ခပ်ရွရွ တွန့်လိမ်ကြည့်ရင် ရုပ်ပုံလေးတွေပေါ်မှာ ရောင်စုံတွေ ပြေးသန်းနေတာ တွေ့ရပါလိမ့်မယ်။ ဒီငွေပလတ်စတစ်ရဲ့ ကျောဘက်အခြမ်းမှာ ဆေးသိပ္ဗံသုတေသီ အဏုကြည့်မှန်ဘီလူးနဲ့ရှာဖွေစူးစမ်းနေပုံကို၊ အရှေ့ဘက်ခြမ်းမှာလို အဆင့်မြင်တဲ့ နည်းပညာ လုံခြုံရေး လှို့ဝှက် သော့ချက်တွေနဲ့ ဖန်တီးထားပါတယ်။

http://patheincity.com/news//HLIC/1a8882250f92b3be2d3cb28f9709dae6.jpg


ဒီငွေပလတ်စတစ် ပိုလီမာမျက်နှာပြင်ဟာ ချောမွေ့နေပေမယ့် ရိုက်ထားတဲ့ ဆေးသားက ဖောင်းကြွနေတယ်ဆိုတာ ထင်ထင်ရှားရှား ပုံနှိပ်ထားတဲ့ နိုင်ငံတော်က လေးစားမြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်ပုံ အနားစပ်ကလေးတွေနဲ့ စာတမ်းတွေကို လက်ချောင်းကလေးနဲ့ဆွဲတိုက် ပွတ်ကြည့်ရင် သိနိုင်ပါတယ်။ အတုလုပ်လို့မရအောင် ဖန်တီးထည့်သွင်းထားတဲ့ လုံခြုံရေး လှို့ဝှက် သော့ချက်တွေကို အဆင့်မြင်တဲ့ နည်းပညာတွေ ထည့်ထားနိုင်ရုံမကပါဘူး။ ဒီငွေပလတ်စတစ် ရိုက်နှိပ်ခ ထုပ်လုပ်ခဟာ ငွေစက္ကူ ရိုက်နှိပ်ခ ထုပ်လုပ်ခထက် ၂ဆကျော်လောက် သက်သာတဲ့အပြင်၊ ငွေစက္ကူထက်တာရှည်ခံမှာဖြစ်လို့ အကြိမ်ကြိမ် ပြန်လည် ရိုက်နှိပ်စရာ သိပ်မလိုတော့ဟု သိရပါတယ်။

၂ဝ၁၁ ခု၊ နိုဝင်ဘာ (၁၄) ရက်နေ့က ကနေဒါ ဒေါ်လာ ၁ဝဝ တန် စတင်ထုတ်ဝေပါတယ်။ ၂ဝ၁၂ ခု မတ်လမှာ ကနေဒါ ဒေါ်လာ ၅ဝ တန် ထုတ်ဝေပါမယ်။ ၂ဝ တန်၊ ၁ဝ တန်နဲ့ ၅ ဒေါ်လာတန် တွေ ၂ဝ၁၃ အတွင်းမှာထုတ်ဝေမယ်လို့ သိရပါတယ်။

Tuesday, November 15, 2011