ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Tuesday, November 2, 2010

ကြိုးဖုန်း နယ်အဝေး ခေါ်ဆိုခဈေးတက်

အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) ခေါ်ဆိုခကို ယခင်က ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် မြို့တွင်းနှင့် နယ်အဝေး ဈေးနှုန်းတမျိုးတည်း သတ်မှတ်ထားရာမှ ယမန်နေ့ကစတင်၍ ဂဏန်း ၆ လုံးကျော် ခေါ်ဆိုလျှင် ၁ မိနစ် ၂၅ ကျပ်နှုန်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ရွေးကောက်ပွဲကာလ နီးကပ်သည့်အချိန်တွင် တယ်လီဖုန်းလိုင်းမှ သတင်းစီးဆင်းမှုကို ထိန်းချုပ်လိုသဖြင့် သုံးစွဲသူ လျော့နည်းသွားစေရန် ယခုကဲ့သို့ ရုတ်တရက် ဈေးနှုန်း တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဆက်သွယ်ရေး ဌာနများကို ညွှန်ကြားထားပြီး ဖြစ်သော်လည်း ပြည်သူလူထုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။

No comments:

Post a Comment