ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Wednesday, November 17, 2010

မေးကြည့်ချင်တယ်

မြန်မာပြည်က မဲဆန္ဒရှင်တွေ အခုကြုံနေရတဲ့ အခြေအနေ အတိုင်း ခင်ဗျားတို့နိုင်ငံ (ဥပမာ - အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ စသဖြင့်) မှာ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုရင် ခင်ဗျားတို့ ဘာလုပ်ကြမလဲ။

ရွေးကောက်ပွဲနီးလာပေမယ့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို စစ်အစိုးရက လွှတ်မပေးသေးဘူး၊ မဲဆန္ဒရှင်တွေ ခြိမ်းခြောက်ခံနေရတယ်၊ နိုင်ငံရေးပါတီတွေ အနှောင့်အယှက်ခံနေရတယ်၊ ပါတီဝင်စာရင်းတွေကို ရဲသတင်း အထူးတပ်ဖွဲ့ဆီ ပို့ထားတယ်၊ မီဒီယာကို နှုတ်ပိတ်ထားတယ်။ ခင်ဗျားတို့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ့်အချိန် ဒီလိုအခြေအနေတွေ ဖြစ်နေတယ်ဆိုရင် ခင်ဗျားတို့ ဘာပြောမလဲ။

စစ်အစိုးရက ပြီးခဲ့တဲ့လမှာ ဗေဒင်ဆရာတွေရဲ့ “အကြံပေးချက်” အတိုင်း နိုင်ငံတော်အလံအသစ်၊ တံဆိပ်တုံးအသစ်နဲ့ သီချင်း အသစ်တွေ ပြောင်းခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း အလံဟောင်းကို အင်္ဂါသားက ဖြုတ်ချပြီး အလံသစ်ကို ဗုဒ္ဓဟူးသားက လွှင့်တင်ခဲ့တယ်။ ပြီးတော့ အလံဟောင်းတွေ အကုန်လုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ တယ်။ ဝါရှင်တန်ဒီစီမှာ ဒီလို အမိန့်မျိုးထုတ်တယ်ဆိုရင် ခင်ဗျားတို့ ဘာပြောမလဲ။

စစ်အစိုးရ ၁၉၉၃ မှာ ဖွဲ့ခဲ့တဲ့ လူထုအဖွဲ့အစည်းအမည်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ရုတ်တရက် နိုင်ငံရေးပါတီ ဖြစ်လာတယ်၊ ပါတီဝင်အင်အား သန်း၂၀ လောက်ရှိတယ်လို့ ဆိုတယ်၊ နိုင်ငံရေးအမြတ်ရဖို့ နိုင်ငံတော်ဘဏ္ဍာနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီက အလှူငွေတွေကိုသုံးပြီး လမ်းဖောက်၊ တံတားဆောက်၊ ဘုရားတည်၊ အလကားဆေးကုပေး၊ ဆေးခန်းဖွင့်၊ စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေး၊ မှတ်ပုံတင်ထုတ်ပေး စတာတွေ လုပ်တယ်။ ဗြိတိန်မှာ ဒါမျိုးတွေ ဖြစ်မယ်ဆိုရင် ခင်ဗျားတို့ ဘာလုပ်မလဲ။

“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုပြီး စစ်အစိုးရက ဝါဒဖြန့်တယ်၊ ဒါကိုလည်း နိုင်ငံတော်ပိုင် ရေဒီယိုနဲ့ ရုပ်သံကနေ အဆက်မပြတ် လွှင့်တယ်။ သြစတြေးလျနိုင်ငံသားတွေ ဒီလိုမျိုး ရွေးကောက်ပွဲ အစီအစဉ်တွေချည်း နားထောင်ရမယ်ဆိုရင် သူတို့ ဘယ်လိုလုပ်ကြမလဲ။

တကယ်တော့ စစ်အစိုးရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီနည်းမကျဘူး၊ အရပ်သားအစိုးရပုံစံနဲ့ စစ်အုပ်ချုပ်ရေးကို တရားဝင် ဖြစ်အောင်လုပ်ဖို့ ဆွဲထားတာလို့ အများက မြင်ကြတာဖြစ်တယ်။ ရွေးကောက်ပွဲ ဥပဒေတွေကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လို နိုင်ငံအတွက် အရေးပါတဲ့သူ အတော်များများကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင်၊ မဲပေးခွင့်မရအောင် ဖယ်ထုတ်ထားတာ ဖြစ်တယ်။

စစ်အစိုးရက ရွေးကောက်ပွဲအတွက် လွတ်လပ်တဲ့ နိုင်ငံရေးဝန်ကျင်ကို အခုထိဖန်တီး မပေးသေးဘူး။ နိုင်ငံရေးပါတီနဲ့ မဲဆန္ဒ ရှင် တွေမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုစည်းခွင့်နဲ့ အသင်းအပင်း တည်ထောင်ခွင့်တွေ မရှိဘူး။

ရွေးကောက်ပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်တာနဲ့ စီစဉ်ဆောင်ရွက်တာတွေအားလုံးကို စစ်အစိုးရ စိတ်ကြိုက်ရွေးချယ် ထားတဲ့ အဖွဲ့ဝင် ၁၈ ဦးပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ချုပ်ကိုင်ထားတာဖြစ်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သမာသမတ်ကျမှုနဲ့ အမှီအခိုကင်းမှုတွေဟာ နိုင်ငံတကာစံညွှန်းနဲ့ ကြည့်မယ်ဆိုရင် အနိမ့်ဆုံးအဆင့်တောင် မရှိဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာဟာ မကြားသေးခင်က အစီအရင်ခံစာတစောင်ထုတ်ပြီး ထောင်ထဲက နိုင်ငံရေးအကျဉ်းသားအချို့ရဲ့ အကျပ်အတည်းကို မီးမောင်းထိုးပြခဲ့တယ်။
ကိုမြအေး ရင်ခေါင်းအောင့်ပြီး နှလုံးရပ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်၊ အစာအိမ် အနာ ဖြစ်နေတယ်။ ဗိုလ်ချုပ် ဆေထင်ဟာ ဆီးချိုနဲ့ နှလုံးရောဂါ ခံစားနေရတယ်။ အရှင်ဂမ္ဘီရ အရေးပေါ်ဆေးကုသမှုခံဖို့ လိုနေတယ်တဲ့။

ဒီအဖြစ်အပျက်တွေကို ဘရပ်ဆဲလ်မှာ တင်ပြရင် ဥရောပက သံတမန်တွေ ဘယ်လိုများလုပ်ကြမလဲ ကျနော်တွေးမိတယ်။

ရွေးကောက်ပွဲ နီးလာလေလေ မြန်မာပြည်က စိတ်မချမ်းသာစရာ သတင်းတွေ နေ့စဉ်နဲ့ အမျှ ထွက်လာလေလေပဲ။ အခုဆိုရင် ပြည်တွင်းပြည်ပက စာနယ်ဇင်းသမားတွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းပို့တာကို ဟန့်တားဖို့ အာဏာပိုင်တွေက အင်တာနက်လိုင်းတွေ နှေးသွားအောင် လုပ်နေတယ်။

ရွေးကောက်ပွဲသတင်း ယူချင်တဲ့ နိုင်ငံခြားသတင်းထောက်တွေလည်း ပြည်ဝင်ခွင့် ငြင်းခံနေရတယ်။ နိုင်ငံခြား သတင်းဌာနတွေအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းက သတင်းထောက်တွေဆိုရင်လည်း စစ်အစိုးရက သေသေချာချာ စီစဉ်ထားတဲ့အတိုင်း လက်တဆုပ်စာ မဲရုံတွေကိုပဲ သွားကြည့်ခွင့်ရမှာ ဖြစ်တယ်။ ဒါပေမယ့် သတင်းသမား အတော်များများက အဲဒီခရီးစဉ်တွေမှာ လိုက်ပါဖို့ ဝန်လေးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အဖြစ်မှန်အတိုင်း သတင်းပို့လိုက်ရင် စစ်အစိုးရရဲ့ အငြိုးအတေးစာရင်းထဲ ပါသွားမှာ ကြောက်လို့။

ကန္တာရဝတီ သတင်းဂျာနယ်က အယ်ဒီတာ ကိုညီညီထွန်းတယောက် မီဒီယာ အမှုအမျိုးမျိုးနဲ့ ပြီးခဲ့တဲ့လက ထောင်ဒဏ် ၁၃ နှစ် ချခံရတယ်။ သူ့အမှုတွေထဲမှာ ပြည်ပက သတင်းအဖွဲ့တဖွဲ့နဲ့ ဆက်သွယ်မှု၊ ခွင့်ပြုချက်မရဘဲ ရုပ်သံအစီအစဉ်လုပ်မှု စတာတွေပါတယ်။ သူ အနှိပ်စက် ခံနေရတယ်လို့လည်း ကြားရတယ်။

စစ်အစိုးရရဲ့ လူမဆန်မှုတွေကတော့ ထောင်ထဲမှာသာ မဟုတ်ဘူး။ ထောင်အပြင်မှာလည်း ပြုကျင့်နေကျပဲ။

စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းက စစ်သားတွေ မတ်လတုန်းက ကောထရွာထဲဝင်ပစ်၊ အိမ် ၁၁ လုံးကို မီးရှို့ပြီး ရွာသား ၃ ယောက် (နော်လားပွယ်၊ နော်ဖောဘိုနဲ့ စောလှပလာထူ) ကို သတ်သွားတယ်လို့ မစ္စတာ ကင်တာနာက သူ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတယ်။ ဒီလိုလုပ်တာဟာ ကရင်ပြည်နယ်ထဲက ဒေသတွေမှာ ဇန်နဝါရီလကတည်းက လုပ်လာခဲ့တဲ့ စစ်အစိုးရရဲ့ စစ်ရေးလှုပ်ရှားမှုပုံစံ အစိတ်အပိုင်းဖြစ်တယ်လို့လည်း မစ္စတာ ကင်တာနာက ထောက်ပြထားတယ်။ လူပေါင်း ၃၀၀၀ ကျော်ဟာလည်း သူတို့ရဲ့ နေရာတွေကို ပစ်ခွာထွက်ပြေးခဲ့ရပြီလို့ သူကဆို တယ်။

မြန်မာတွေ တော်တော်များများက ဒေါသတကြီးနဲ့ မေးကြတယ်။ ခင်ဗျားမိန်းမနဲ့ သမီးကို ခင်ဗျားရှေ့မှာ သတ်ရင် ဒါမှမဟုတ် လူအုပ်နဲ့ မတရားပြုကျင့်ရင် ခင်ဗျားဘာလုပ်မလဲ၊ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမလား … တဲ့။

“မြန်မာစစ်အစိုးရက ပြည်သူတွေရဲ့ ဒုက္ခကို စိတ်မဝင်စားတာ ဆယ်စုနှစ်နဲ့ချီနေပြီ။ ရွေးကောက်ပွဲပြီး မကြာခင်မှာလည်း ဒီအခြေအနေက ပြောင်းလဲမယ့် အရိပ်အယောင်မရှိဘူး” လို့ Thailand Burma Border Consortium (TBBC) ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဂျက်ဒန်းဖို့ (Jack Dunford) က ပြောခဲ့ဖူးတယ်။

ပြီးခဲ့တဲ့နှစ်မှာ အနည်းဆုံး လူ ၇၃၀၀၀ သူတို့ အိမ်တွေကနေ ထွက်ပြေးခဲ့ရတယ်။ မြန်မာပြည် အရှေ့ပိုင်းတခုတည်းမှာပဲ အိမ် ခြေနေရာ အတည်တကျ မရှိသူ ၄၄၆၀၀၀ ကျော်ရှိနေတယ်။ လက်နက်ကိုင် ပဋိပက္ခနဲ့ စစ်အစိုးရရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေကို ကရင်ပြည်နယ် မြောက်ပိုင်းမှာ အများဆုံးတွေ့ရတယ်။

မစ္စတာ ဂျက် ဒန်းဖို့က ပြောတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဆင်းရဲနွမ်းပါးမှုတွေ ရှိနေပေမယ့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေက ရွာသူရွားသားတွေဟာ အရမ်းကို ဒူပေနာပေ ခံနိုင်တယ်တဲ့။ စစ်အစိုးရဘက်ကလိုက်ပြောပြီး မြန်မာပြည် အသစ်ပေါ်လာတော့မယ်လို့ ခပ်နုံနုံယူဆနေကြတဲ့ ကိုယ့်ကိုယ်ကိုယ် မြန်မာ့ရေးရာ ကျွမ်းကျင်သူလို့ သတ်မှတ်ထားသူတွေမှာ ဒီလို ဒဏ်ခံနိုင်မှုမျိုး ရှာတွေ့နိုင်ပါ့မလား။

မြန်မာပြည်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုရသစ်အပေါ် မျှော်လင့်ချက်အားလုံး ပုံအပ်ထားတဲ့ အနောက်ကမ္ဘာက ခပ်နုံနုံ လေ့လာဆန်းစစ်သူတွေ၊ ဗျူရိုကရက်တွေ ကမ္ဘာတဝန်းမှာ ရှိနေကြလေရဲ့။ သူတို့လည်း မြန်မာ့အရေးနဲ့ ဒဏ်သင့်ပြီး ထွက်ပေါက်ပိတ်ကောင်း ပိတ်နေကြမှာပေါ့။

ဘာပဲဖြစ်ဖြစ်ပါ။ တကယ်လို့ ခင်ဗျားတို့သာ မကြာခင်ကျင်းပမယ့် မြန်မာပြည်ကလိုမျိုး အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးကြမယ်ဆိုရင် ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို အဲဒီရွေးကောက်ပွဲ ရလဒ်ပေါ်မှာ အားလုံးပုံအပ် ထားနိုင်ပါ့မလား။

အောင်ဇော်၏ Election Questions in Search of Answers ကို ဆီလျော်အောင် ပြန်ဆိုသည်။

Wednesday, November 10, 2010

**Gmail web site အတု လုပ်ပြီး Account နှင့် password များ ခိုးယူနေခြင်း *

အီးမေးလ်ထဲရောက်လာတာပါ။ ပြန်လည်မျှဝေသင့်တယ်ထင်လို့
ကျနော်ဆိုဒ်မှာဖော်ပြပေားတာပါ။ မေးလ်ပို့ပေးတဲ့
ကိုအောင်ထွန်းကိုလည်းအထူးကျေးဇူ*
*းတင်ပါတယ်။
ဒီနေ့လည်း ကျွန်တော့်ညီ က ကျွန်တော့်ထံ သို့ လင့် တခုပေးပြီး အဲဒီ SITE က GMAIL
WEB SITE အသစ်လား ဟုမေးရာကျွန်တော် ၀င်ရောက် ကြည့်လိုက်ရာ မြင်လိုက်ရသော WEB
SITE ကြောင့်ကျွန်တော့်ညီအား အဲဒီ SITE မှာ ဘာ USERNAME , PASSWORD နဲ့ မှ
ရိုက်ပြီး မ၀င်ရန် အမြန်ကြောင်းကြားရပါသည်။
ကွာခြားချက်ကတော့ ....

၁ - GMAIL အတု SITE ရဲ့ လိပ်စာက
http://tdbear.freehostia.com.freehostia.com/ဖြစ်ပြီး GMAIL အစစ် WEB
SITE နဲ့ ဆင်တူရိုးမှားဖြစ်အောင် လုပ်ထားပါတယ် ...
တကဲ့ GMAIL SITE အစစ်ရဲ့ လိပ်စာဟာ
HTTPS://WWW.GOOGLE.COM a href="https://www.google.com/">https://www.google.com/>a href="https://www.google.com/">https://www.google.com/
>ဒါမှမဟုတ်

HTTPS://MAIL.GOOGLE.COM <../> နဲ့ စ ရမှာဖြစ်ပါတယ်။
၂ - GMAIL အတု SITE မှာ FREE SPACE ဟာ 3.2 GB ကျော်ကနေ စတင်ရည်တွက်နေပြီး
တကဲ့အစစ် GMAIL SITE မှာကတော့ 7.4 GB ကျော်နေပါပြီ ....

ဒါကြောင့် မတော်တဆ အဲဒီ SITE ထဲရောက်သွားခဲ့ရင် ဘာမှ မရိုက်ပဲ အဲဒီ PAGE ကို
ပိတ်ချလိုက်ပါ။ကျွန်တော့် အထင်ကတော့ မသမာသူတွေဟာ သူများတွေရဲ့ GAMIL ACCOUNT
တွေကို ခိုးဖို့ အစီအစဉ်နဲ့ အခုလို စနစ်တကျ လုပ်ထားခြင်းပါ။တကယ်လို့များ အဲဒီ
SITE ကနေ GMAIL ထဲ ၀င်သွားခဲ့သူများရှိပါလျှင် ကိုယ့်ရဲ့ PASSWORD ကို တကဲ့
GAMIL လိပ်စာ အစစ်အမှန် ဖြစ်တဲ့ HTTPS://MAIL.GOOGLE.COM <../>
မှဝင်ပြီး အမြန် ပြောင်းကြပါ။
အဲဒီမှာ မေးစရာ ရှိနေပါလိမ့်မယ် ...
အဲဒီ GMAIL အတု SITE ကနေ ၀င်လဲ ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပဲလို့ ....
ဟုတ်ပါတယ် ....
ကိုယ်လဲ ဖတ်နိုင်ပါတယ် ...
ကိုယ့် PASSWORD ရသွားတဲ့ သူတို့လဲ ဖတ်နိုင်ပါတယ် ...
ဘာကြောင့်လဲဆိုတော့ ...
အဲဒီ GMAIL အတု SITE က ရိုက်သွင်းလိုက်တဲ့ USERNAME နဲ့ PASSWORD ကို
မှတ်သားထားလိုက်ပြီး
တကဲ့ GMAIL SITE အစစ်စီ FORWARD ဒါမှမဟုတ် DIVERT လုပ်အောင် PROGRAM
သွင်းထားတာပါ။
ဒါကြောင့် ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပါ။ ကိုယ်ဖတ်နေတဲ့ အချိန်မှာ
သူတို့က ကိုယ့်ရဲ့ USERNAME နဲ့ PASSWORD ကိုရသွားပါပြီ။
နောက်ဆုံး ကိုယ့် PASSWORD ရသွားတဲ့ သူက PASSWORD အသစ်ပြောင်းလိုက်ရင် ကိုယ့်
ACCOUNT ပါ ဆုံးသွားမှာဖြစ်ပါတယ်။
COMPUTER လောကမှာတော့ PHISHING (ဖစ်ရှင်း ) လို့ခေါ်ပါတယ် ...
ငါးမျှားတဲ့ FISHING အသံထွက်အတိုင်းပါပဲ ...
အဓ္ဓိပယ် လဲ ဆင်တူပါပဲ ။
ငါးတွေကို ငါးမျှားချိတ်မှာ အစာတတ်ပြီးဖမ်းသလို အခုဟာက USERNAME နဲ့ PASSWORD
တွေကို SITE ဆင်တူရိုးမှား ဘန်းပြပြီး ခိုးတာပါ။

ဘယ်လိုကာကွယ်မလဲ
MAIL တွေမှာ ပါလာတဲ့ လင့်တိုင်းကို မနှိပ်ပါနဲ့။
နှိပ်ခဲ့လို့ရှိရင်လဲ ကိုယ့်ကို ခေါ်ဆောင်သွားတဲ့ WEB SITE ရဲ့ ADDRESS က ဟုတ်
မဟုတ် ၊ မှန် မမှန် စစ်ဆေးပါ။
အခုလို USERNAME PASSWORD တွေ ရိုက်ရမဲ့နေရာတွေမှာ ပိုသတိထားပါ။
အကောင်းဆုံးကတော့ ADDRESS BAR မှာ ကိုယ်တိုင်ရိုက်ထဲ့တာ အကောင်းဆုံးပါပဲ။
PASSWORD ကိုလဲ မကြာခဏပြောင်းပေးပါ။
မှတ်ချက်။ ။ Mails & WWW တို့ထဲမှ ရရှိထားသော သတင်းဖြစ်ပါသည်။*

Thursday, November 4, 2010

၎ နှစ်သားအရွယ် အနုပညာ ပါရမီရှင်လေး

Carpenters တေးဂီတအဖွဲ့ရဲ့ ကမ္ဘာကျော် နာမည်ကြီးသီးချင်းဖြစ်တဲ့ Jambalaya သီချင်းကို လေးနှစ်အရွယ် ခလေးက အံ့သြလောက်ရအောင် အကော်ဒီယံကိုပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်စွာတီးခတ်ပြီး ဆိုသွားတဲ့ ဗီဒီယို ကလစ်လေးဖြစ်ပါတယ်။ ထိုကောင်လေးနာမည်ကတော့ Hunter Hayes လိုခေါ်ပါတယ်။

မျောက်မျိုးစိတ်သစ် တစ်မျိုး မြန်မာပြည်မှာတွေ့ရှိ




မျောက်မျိုးစိတ်သစ်ဖြစ်တဲ့ နှာခေါင်းလန် နေတဲ့မျောက်မျိုးကို မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ဘက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုမျောက်မျိုးဟာ အမှီးရှည်ပြီ အမဲရောင်ဖြစ်ကာ မုတ်ဆိပ်မွှေးအဖြူရောင်ဖြစ်ပါတယ်။ ထိုမျောက်မျိုးကို မိုးရွာချိန်များမှာ အလွယ်တကူရှာတွေ့နိုင်ပါတယ်။ ထိုမျောက်တို့ရဲ့ လန်နေတဲ့ နှာခေါင်းပေါက်တဲ့ ရေဝင်တဲ့အတွက်ကြောင့် မိုးရေဝင်ကာ နှာချေစေသောကြောင့် တွေ့ရှိတတ်ရခြင်းဖြစ်ပါတယ်။ ထိုမျောက်မျိုးဟာ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှလည်း ထိုမျောက်ရဲ့ အသားနဲ့ အခြားအစိတ်အပိုင်းတွေဟာ ဆေးဖက်ဝင်သည်ဟု ယုံကြည်ထားကြပြီး ထိုမျောက်များကို ဖမ်းစီးသတ်ဖြတ်ကာ တရုတ်တိုင်းရင်းဆေးများကို ဖော်စပ်ကြပါတယ်။

Tuesday, November 2, 2010

ဘရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Dilma Rousseff ရွေးချယ်တင်မြှောက်ခံရ

ဘရာဇေးလီးယား-October31, 2010
ဘရာဇီးနိုင်ငံ၏ အာဏာရ အလုပ်သမားပါတီ (PT) ၏ သမ္မတလောင်း အဖြစ် ယှဉ်ပြိုင် အရွေးခံသူ Dilma Rousseff သည် အောက်တိုဘာလ (၃၁) ရက် တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ဘရာဇီးနိုင်ငံ၏ ၄၀ဆက်မြောက် သမ္မတ အဖြစ်အရွေးခံရသလို ပထမဆုံး အမျိုးသမီး သမ္မတလည်း ဖြစ်လာခဲ့သည်။

ရေတွက်ပြီး မဲပမာဏ ၇၆.၈၇ ရာခိုင်နှုန်းတွင် Dilma Rousseff သည် ခိုင်လုံသော ထောက်ခံမဲ ၅၃.၅၆ ရာခိုင်နှုန်းရရှိခဲ့ပြီး သူမအား ထောက်ခံအားပေးသူ ဦးရေ ၄၁.၂သန်းရှိသည်ဟု သိရသည်။ သူမ၏ ပြိုင်ဘက် သမ္မတလောင်း Jose Serra ကို လူပေါင်း ၃၅.၇သန်းက ထောက်ခံမဲ ပေးကြပြီး မဲအရေအတွက်များ၏ ၄၆.၄၄ ရခိုင်နှုန်ရှိခြင်းကြောင့် မဲအားလုံး အရေအတွက်ဖြင့် တွက်ချက်လျင်လည်း သူမ၏ ပြိုင်ဘက်များသည် သူမထက် မဲအရေအတွက် သာလွန်ဖွယ် မရှိကြောင်း သိရသည်။

Dilma Rousseff သည် ယခုကဲ့သို့ ဘာရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခြင်းသည် ယခင် အမျိုးသားများသာ ကြီးစိုးသော ကမ္ဘာ့ နိုင်ငံရေး နယ်ပယ်တွင် အမျိုးသမီး ခေါင်းဆောင်များသည် အရေးပါသော ကဏ္ဍသို့ ပိုမိုဦးဆောင် လှုပ်ရှားလာနိုင်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း သိရသည်။

ကြိုးဖုန်း နယ်အဝေး ခေါ်ဆိုခဈေးတက်

အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) ခေါ်ဆိုခကို ယခင်က ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် မြို့တွင်းနှင့် နယ်အဝေး ဈေးနှုန်းတမျိုးတည်း သတ်မှတ်ထားရာမှ ယမန်နေ့ကစတင်၍ ဂဏန်း ၆ လုံးကျော် ခေါ်ဆိုလျှင် ၁ မိနစ် ၂၅ ကျပ်နှုန်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ရွေးကောက်ပွဲကာလ နီးကပ်သည့်အချိန်တွင် တယ်လီဖုန်းလိုင်းမှ သတင်းစီးဆင်းမှုကို ထိန်းချုပ်လိုသဖြင့် သုံးစွဲသူ လျော့နည်းသွားစေရန် ယခုကဲ့သို့ ရုတ်တရက် ဈေးနှုန်း တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဆက်သွယ်ရေး ဌာနများကို ညွှန်ကြားထားပြီး ဖြစ်သော်လည်း ပြည်သူလူထုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။

FEC ၂၀ တန်ဖုန်းကတ်များကို လုံခြုံရေးအရ ဖျက်သိမ်း

တခါသုံး FEC ၂၀ တန် ဖုန်းကတ်များကို သတင်းလုံခြုံရေး စိတ်မချရဟုဆိုကာ ဖျက်သိမ်းရန် စစ်အာဏာပိုင်များ၏ ညွှန်ကြားမှုဖြင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တခါသုံးဖုန်းကတ်များ ထုတ်လုပ်ရောင်းချသည့် ဦးတေဇ၏ ထူး ကုမ္ပဏီ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော Central Marketing ကုမ္ပဏီက ဖွင့်လှစ်ထားသည့် Mobile shopping mall မှ တာဝန်ရှိသူတဦးက FEC ၂၀ တန် ဖုန်းကတ်များကို လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ဖျက်သိမ်းတော့မည်ဟု ဆိုသော်လည်း ဆက်သွယ်ရေး ဝန်ကြီးဌာနကမူ ဖျက်သိမ်းခြင်း မဟုတ်ကြောင်း၊ System update ပြုလုပ်ရန် ခေတ္တရပ်နားခြင်းသာဖြစ်ကြောင်း ငြင်းဆိုသည်။

ယခုတပတ်ထုတ် ရန်ကုန်အခြေစိုက် Venus ဂျာနယ်တွင်လည်း FEC ၂၀ တန် တခါသုံးဖုန်းကတ်များကို နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ၂ ပတ်ခန့် ပိတ်ထားမည်ဟု ဖော်ပြထားသည်။

“System update လုပ်တယ်ဆိုတာ အကြောင်းပြတာပါ။ ခဏ ရပ်မယ်လို့ပြောပေမယ့် ကတ်တွေ ထပ်မထုတ်တော့ဘူး ဆိုတော့ ဖျက်သိမ်းတာနဲ့ အတူတူပါပဲ” ဟု Mobile shopping mall မှ တာဝန်ရှိသူက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်လုပ်သည့် အဆိုပါ တခါသုံးဖုန်းကတ်များကို Central Marketing ကုမ္ပဏီက ဖြန့်ချိ ရောင်းချခြင်းဖြစ်ပြီး ခံစားခွင့်မှာ အကျိုးတူဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ “ဆက်သွယ်ရေးက ထပ်ထုတ်ခွင့် မရဘူးလို့ ပြောတယ် ဆိုကတည်းက ဖျက်သိမ်းတာပဲပေါ့။ အထက်က အမိန့်နဲ့ လုံခြုံရေးအရ လုပ်တာပါ” ဟု ဆိုသည်။

အကန့်အသတ်မရှိ ချပေးထားသည့် ကျပ် ၅ သိန်းတန်ဖုန်းမှာ နံပါတ်အသေဖြစ်သောကြောင့် ဖုန်းအဝင်အထွက်များကို စစ်ဆေးနိုင်ကြောင်း၊ FEC ၂၀ တန် တခါသုံးဖုန်းကတ်များမှာမူ နံပါတ် အရှင်ဖြစ်သောကြောင့် လုံခြုံရေးအတွက် ပိုမို စိတ်ချရကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်ပ ခေါ်ဆိုနိုင်သည့် FEC ၂၀ တန် ကတ်နှင့် FEC ၅၀ တန် ကတ် အမျိုးအစား ၂ ခု ထုတ်လုပ်ထားသော်လည်း ဟန်းဆက်မရွေးခြင်း၊ သုံးစွဲသူ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဈေးနှုန်းသင့်တင့်ခြင်း တို့ကြောင့် တလခံ FEC ၂၀ တန် ကတ်ကို သုံးစွဲသူပိုများကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အင်တာနက်လိုင်း ဖြတ်တောက်မှုများကို ပြုလုပ်လာသကဲ့သို့ တယ်လီဖုန်း လိုင်းများမှ သတင်း စီးဆင်းမှုများကိုလည်း အာဏာပိုင်များက ထိန်းချုပ်လာသည်ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) များဖြင့် ဂဏန်း ၆ လုံးကျော် (နယ်အဝေး) ခေါ်ဆိုပါက ယခင် ၁ မိနစ် ၁၅ ကျပ်မှ ၂၅ ကျပ်နှုန်းသို့ တိုးမြှင့်ကောက်ခံပြီဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာန အသိုင်းအဝန်းမှ သိရသည်။

လက်ရှိ မြန်မာတနိုင်ငံလုံးတွင် လိုင်းအင်အား ၈ သိန်းကျော် ရှိပြီး နယ်အဝေးနှင့် မြို့တွင်းခေါ်ဆိုခနှုန်း အတူတူပင် ဖြစ်သော ကြိုးဖုန်း ခေါ်ဆိုခနှုန်းများကို ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းသည် ရွေးကောက်ပွဲ အကြိုကာလ ဆက်သွယ်ပြောဆိုမှု ခက်ခဲရန် ပြုလုပ်သည့် နည်းလမ်းတခု ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“တရားဝင်တော့ စာထုတ်ပြီးပြီ။ ပြည်သူလူထုကို မပြောသေးဘူး။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ မြို့နယ် ရုံးတွေ အကုန်လုံးကို ညွှန်ကြားထားတယ်။ ဈေးတက်မယ် ပြောနေတာတော့ ကြာလှပါပြီ။ ဒါပေမယ့် ဖုန်းခေါ်ခဈေးတွေ အလကား နေရင်း တက်တယ်ဆိုပြီး ပြောမှာစိုးလို့ တောက်လျှောက် ၁၅ ကျပ်ပဲ ကောက်နေတာ” ဟု မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။

ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်နေ့မှ စတင် ဈေးနှုန်းမြှင့်တင်လိုက်ခြင်းသည် ကြိုးဖုန်းအသုံးများသည့် ပြည်သူလူထုထံမှ ရွေးကောက်ပွဲ ကာလ သတင်းစီးဆင်းမှုကို တဘက်လှည့်ဖြင့် လျော့နည်းအောင် ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း သူက ဆိုသည်။

ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် CDMA ကျပ် ၅ သိန်းတန် တယ်လီဖုန်းလိုင်းများကို အကန့်အသတ်မရှိ ချပေးနေ သော်လည်း အဆိုပါဖုန်းမှာ ပြည်ပမှ ခေါ်ဆိုရန် ခက်ခဲကြောင်း၊ FEC ငွေစာရင်း သွင်းမထားပါက နိုင်ငံခြားသို့ Miss Call မပေးနိုင်ကြောင်း၊ ပြည်ပမှ ခေါ်ဆိုသည့်အခါတွင် တားမြစ်နံပါတ် (Restricted Number) ဆိုသည့် စာသားပေါ်တတ်ကြောင်း သုံးစွဲသူများက ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများ၏အဆိုအရ ထိုင်းမြန်မာ နယ်စပ်မြို့များတွင် အသုံးပြုနေကြသော ထိုင်း တယ်လီဖုန်း များကိုလည်း နိုဝင်ဘာ ၃ ရက်နေ့မှ စတင်၍ ဆက်သွယ်ပြောဆို အသုံးမပြုနိုင်ရန် လိုင်းများ ဖြတ်တောက်တော့မည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ သတင်းစီးဆင်းမှုအတွက် အသုံးပြုနိုင်သည့် အင်တာနက်နှင့် တယ်လီဖုန်းသုံးစွဲမှုများကို ခက်ခဲစေရန် စစ်အစိုးရက ပြုလုပ်နေခြင်းသည် ယင်းတို့ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကာလအတွင်း မသမာမှုများအား မဖော်ထုတ် နိုင်ရန် ထိန်းချုပ်လိုခြင်းသာ ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်သည်။

Monday, November 1, 2010

ပန်းချီပုံ လေးတွေပါနော်...

http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品



http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


http://www.unicornblog.cn/Serena Malyon为梵·高名画拍摄的移轴摄影作品


ချစ်စရာ ကလေးပုံလေးများ






























ပဲခူးတိုင်းတွင် ရွေးကောက်ပွဲဆန့်ကျင်စာများ ဖြန့်

ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေးစာတန်းပါ ပို့စတာများကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့နှင့် တခြားသော မြို့ပေါင်း ၁၀ မြို့ခန့်၌ တပြိုင်တည်း ပြုလုပ်ကြောင်း သတင်းရရှိသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လာမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့် ကျင်သည့် ပို့စတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

“မဲမပေးတာကလည်း ပြည်သူ့အခွင့်အရေးလေ၊ ဒါကြောင့် ပြည်သူတွေ မိမိတို့ အခွင့်အရေးကိုသိဖို့ လှုံ့ဆော်ရတာပါ”ဟု ၎င်းကဆို သည်။

ယင်းလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ဘွိုင်းကောက် -၂၀၁၀ (Boycott-2010) အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်မြို့ တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ယင်း အဖွဲ့ ကပြောသည်။

ထို ပို့စတာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နဖူးစည်းတွင် ရွေးကောက်ပွဲကို မဲမပေးခြင်းဖြင့် ဆန့်ကျင်သပိတ်မှောက်ကြ ဆိုသည့်စာတန်း၊ မဲမပေးခြင်းသည်လည်း ဥပဒေအရ အခွင့်အရေးဆိုသည့် စာတန်းနှင့် စစ်ကျွန်ပြုမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြ ဆိုသည့် စာတန်းသုံးမျိုးကို ပြည်မြို့နှင့် တခြားမြို့များ၏ လူစည်ကားရာ အချက်အချာကြသည့် နေရာ အနှံ့တွင် ကပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို အဖွဲ့ဝင် တဦးတယောက်မှ မခံရကြောင်း အဆိုပါ အဖွဲ့ဝင်က ဆက်ပြောသည်။

ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံတန်း၊ သာယာဝတီ- သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်းအတွင်းရှိ အောင်လံ၊ ကမ္မမြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်မြို့ခံတဦးကလည်း“ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာတန်းတွေ တမြို့လုံးနေရာအနှံ့ အများကြီး ကပ်ထားတယ်၊ ဓာတ်တိုင် အမြင့် ပေါ်မှာ ကပ်ထားတဲ့ဟာတွေကို ရဲတွေက ယူနီဖောင်းနဲ့ တက်ခွာနေရတော့ လူတွေက ပိုအာရုံစိုက်ခံ ရတာပေါ့”ဟု ဆိုသည်။

ထို စာရွက်များကို ရဲများက နံနက် ၇ နာရီခန့်တွင် လိုက်လံခွာယူနေကြောင်း၊ ဓာတ်တိုင်၊ ကြော်ငြာ ဆိုင်းဘုတ်၊ ဖုန်းရုံ၊ ဘုရားနံရံနှင့် လူအများမြင်သာသည့် အမြင့်နေရာများတွင် ကပ်ထားသည်ဟု အဆိုပါ ပြည်မြို့ခံက ဆက်လက်ပြောသည်။

ပြည်မြို့ရှိ ဈေးကြီး၊ လမ်းမတော်၊ လမ်းရှည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ရွှေဘုန်းပွင့်ဘုရား၊ မြို့သစ် အဝေးပြေး ကားဂိတ်၊ ဘုရားကြီး ဘုရား၊ တာဂွ၊ တီတွဒ် ကျေးရွာအထိ အဆိုပါ စာရွက်များကို ကပ်ထားကြောင်း သိရသည်။

သာယာဝတီမြို့နှင့် သုံးဆယ်မြို့ရှိ အချက်အချာကြသည့် ဗိုလ်စိန်မှန်တံတား၊ သာယာဝတီဈေးကြီး၊ ဗလီရှေ့၊ ကားဂိတ်တို့တွင် သာယာဝတီမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးရှေ့တွင်လည်း ပြုလုပ်ခဲ့သည်ဟု သာယာဝတီမြို့ခံ တဦးကလည်း ပြောသည်။

လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို တနိုင်ငံလုံးအနှံ့ ဆန့်ကျင်သည့် လှုပ်ရှားမှုများကို လူငယ်များက တီရှပ်များ ၀တ် ၍လည်းကောင်း၊ စာရွက်စာတမ်းများ ဖြန့်ဝေခြင်းဖြင့်လည်းကောင်း ပြုလုပ်နေရာ ယခုကဲ့သို့ မြို့ပေါင်း အမြောက်အမြားတွင် တပြိုင်နက်တည်း ပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုတင်းကျပ်

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်း လုံခြုံရေးကို ယနေ့မှ စတင်၍ ပိုမိုတင်းကျပ် ထားသည်ဟု ရန်ကုန် ဒေသခံများထံမှ သိရသည်။

လူထုလှုပ်ရှားမှု ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုံခြုံရေးတင်းကျပ်မှုများကို ရန်ကုန်မြို့တွင်းနှင့် မြို့စွန်ဟူ၍ အပိုင်း ၂ ပိုင်း ခွဲကာ စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတဦးက ပြောသည်။



၎င်းက ဆက်လက်၍ “ပြီးခဲ့တဲ့လကတည်းက တချို့ မြို့နယ်တွေမှာ မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတဲ့ စာသားပါတဲ့ အင်္ကျီဝတ်ပြီး လမ်းလျှောက်တာတို့၊ နောက်တော့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်ဝေတာတွေကို မြို့နယ်တော်တော်များများမှာ လုပ်ခဲ့တယ်။ ဒီလို ဆန့်ကျင်တဲ့ ကိစ္စတွေက ရွေးကောက်ပွဲနီးလေ အရှိန်မြင့်လာလေ ဖြစ်လာမှာဆိုတော့ နေရာပေါင်းစုံမှာ လုံခြုံရေး ချထားတယ်။ ဆန့်ကျင်ရေး လုပ်မယ့်သူဆိုလည်း ဟန့်သွားအောင်ပေါ့” ဟု ဆိုသည်။

ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ လှည်းတန်း စသည့် ရန်ကုန်မြို့တွင်း နေရာများတွင် ရဲတပ်ဖွဲ့၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာစသည့် မြို့စွန်နေရာများတွင် တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့အား လုံခြုံရေး တာဝန် ပေးထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦး ကပြောသည်။

လုံခြုံရေးတာဝန်ယူထားသည့် တပ်မ ၇၇ နှင့် တပ်မ ၆၆ သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့သော သံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် တပ်မများလည်းဖြစ်သည်။

အဆိုပါ လုံခြုံရေးတိုးမြှင့်မှုများ ဆောင်ရွက်နိုင်ရန် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အင်အားဖြည့်တင်းမှုများကို ပြုလုပ်ခဲ့သည်ဟု အဆိုပါ စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောသည်။

“ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွင်းပြီးနောက်ပိုင်း နိုင်ငံတကာ ဝေဖန်မှုတွေ တော်တော်များ များရှိခဲ့တော့ အခု နောက်ပိုင်းမှာ စစ်တပ်သုံးတာကို လျှော့ချပြီး ရဲတပ်ဖွဲ့ကို တာဝန်ပိုပေးလာတယ်။ စစ်ဘက်က တချို့ လူတွေကိုလည်း ရဲတပ်ဖွဲ့ထဲ ပြောင်းပြီး တာဝန်ပေးတယ်။ ရဲ အင်အားဖြည့်တာပေါ့” ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် ကူးပြောင်းမည်ဖြစ်သောကြောင့် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝလျှော့ချသွားရန် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်ပိုင်း အာဏာပိုင်များက မှာကြားထားကြောင်းလည်း သူက ပြောသည်။

ထင်ရှားသော ဆန္ဒပြပွဲများဖြစ်သည့် ၈၈၈၈ အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့တွင် စစ်တပ်ကသာ တာဝန်ယူဖြိုခွင်းခဲ့သည်။

ရွေးကောက်ပွဲအကြို အင်တာနက်လိုင်း ထိန်းချုပ်

မြန်မာနိုင်ငံတွင် လတ်တလော အင်တာနက် ဆက်သွယ်မှုများ လုံးဝနီးပါး ပြတ်တောက်ရခြင်းမှာ ရွေးကောက်ပွဲကာလ၌ ပြည်ပသို့ သတင်းစီးဆင်းမှု မရှိစေရန် စစ်အစိုးရက ကြိုတင် ထိန်းချုပ် လိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ထိန်းချုပ်မှုကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးဌာန နှင့် နီးစပ်သူက ပြောသည်။

“၄၅ mbps နှုန်းရှိတဲ့ SEA- ME- We- 3 ရေအောက်ကေဘယ်လ် အပြင် ၁၅ mbps နှုန်းရှိတဲ့ ဂြိုဟ်တုဆက်သွယ်မှုတွေနဲ့ ချိတ်ဆက် ထားတဲ့ စစ်ဘက်၊ အစိုးရဘက်ဆိုင်ရာဌာနတွေမှာတော့ အင်တာနက်လိုင်း က ဘာမှမဖြစ်ဘူး။ အင်တာနက် အသုံးပြုရ တဲ့ လုပ်ငန်းတွေ၊ အင်တာနက် ကဖေးတွေမှာတော့ ဒီတလောအတွင်း ပြည်ပကို သတင်းပေါက်ကြားမှာစိုးလို့ အစိုးရက အင်တာနက်နှုန်းတွေကို လျှော့ချပစ်တာ”ဟု အဆိုပါ ဝန်ကြီးဌာနနှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

စာနယ်ဇင်းသမားများ နှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကလည်း ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်တွင် ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲကာလတွင် အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်မှုများ ပြတ်တောက်မည်ကို စိုးရိမ်နေကြ သည်။

စစ်အစိုးရသည် ရွေးကောက် ပွဲကာလတွင် အင်တာနက်ချိတ်ဆက်မှုကို ထိန်းချုပ်မည်၊ ယခုအကြိမ် အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းတို့မှာလည်း စစ်အစိုးရက ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက် များ အဖွဲ့ (RSF) နှင့် မြန်မာ့သတင်းသမဂ္ဂ (BMA) တို့က ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

ယင်းကိစ္စကို စစ်အစိုးရထိန်းချုပ်ထားသည့် ရတနာပုံတယ်လီပို့က ပြည်တွင်း အင်တာနက်လိုင်းများကို ပြည်ပမှ DDoS စနစ်ဖြင့် တိုက်ခိုက်သဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းဖြစ်သည်ဟု ရတနာပုံ ဝက်ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။

ကွန်ပျူတာပညာရှင်များက DDoS စနစ်ဖြင့် တိုက်ခိုက်ခြင်းသည် ဝက်ဘ်ဆိုဒ်များကိုသာ တိုက်ခိုက်နိုင်ပြီး အင်တာနက် ဆာဗာကို တိုက်ခိုက်၍ မရကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အင်တာနက် ဆက်သွယ်မှုများကို ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန နှင့် ရတနာပုံ တယ်လီပို့ တို့မှ ဝန်ဆောင်မှု ပေးနေပြီး စစ်ဘက်နှင့် အစိုးရဘက်ဆိုင်ရာဌာနများအတွက်ကို ဝန်ကြီးဌာနမှ လည်းကောင်း သာမန် အရပ်သားများအသုံးပြုရန်အတွက် ရတနာပုံ တယ်လီပို့ မှ လည်းကောင်း တာဝန်ယူရသည်။

လာမည့် ရွေးကောက်ပွဲကာလတွင် ပြည်တွင်းအခြေစိုက် သတင်းထောက်များအနေဖြင့် ပြည်ပသို့ သတင်း အချက်အလက် များ၊ ဓာတ်ပုံများကို အင်တာနက်မှတဆင့် ပို့ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း စစ်အစိုးရက အင်တာနက်လိုင်းများ ထိန်းချုပ်ခြင်း၊ အင်တာနက် ကဖေးများကို ပိတ်ခိုင်းခြင်း တို့ပြုလုပ်ခဲ့ဖူးသည်။

ယနေ့ထုတ် အေပီ သတင်းတွင် အင်တာနက်ကို အဓိကအသုံးပြုရသည့် ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစပြီး အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများကို ပြောဆိုခဲ့သည်ဟု ဖော်ပြထား သည်။

၎င်းတို့ကလည်း အင်တာနက်လိုင်းများပြတ်တောက်ခြင်းသည် ရက်သတ္တပတ်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ခရီးသွားများ ကို ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။

တချို့နေရာများကလည်း ယနေ့မှစ၍ တယ်လီဖုန်းလိုင်းများပါ ခက်ခဲလာသည်ဟု ပြောဆိုကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် မဲရုံပရဝုဏ် အတွင်း သတင်းယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို တားမြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

RSF မှ ထုတ်ပြန်သည့် အစီရင်ခံစာများအရ ဥရောပတိုက်မှ သတင်းထောက်တချို့သည် မြန်မာနိုင်ငံသို့ သွားရန် ခရီးသွား ဗီဇာ လျှောက်ထားရာတွင် ငြင်းပယ်ခံရကြောင်း၊ စစ်အစိုးရက ဂူဂဲလ် အသုံးပြုကာ လျှောက်ထားသူများ၏ အလုပ်အကိုင်၊ အထောက် အထားကို ရှာဖွေခဲ့ရာ သတင်းထောက်အဖြစ် တွေ့ရှိခဲ့သဖြင့် ဗီဇာထုတ်မပေးခြင်းဖြစ်သည်ဟု ပြင်သစ် သတင်းထောက်တဦးက ပြောဆိုသည်။

RSF အစီရင်ခံစာတွင် သတင်းထောက်များအနေဖြင့် မြန်မာနိုင်ငံသို့ သွားရာတွင် ဂျာနယ်လစ် ဗီဇာဖြင့်သွားရန် မလွယ်ကူ ကြောင်း ခရီးသွား ဗီဇာဖြင့်သာ သွားရောက်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၁၀ ခုနှစ်အတွင်း RSF မှ ထုတ်ပြန်ခဲ့သည့် အင်တာနက်၏ ရန်သူများ Enemies of the Internet အမည်ရသည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အဆိုးဆုံး ၁၀ နိုင်ငံတွင် ပါဝင်သည်ဟု ဖော်ပြထားသည်။