ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Tuesday, November 22, 2011

ကနေဒါ နိုင်ငံက ပလတ်စတစ် ပိုက်ဆံကို တရားဝင် သုံးငွေအဖြစ် စတင် ထုတ်ဝေ

ကမ္ဘာတဝှမ်းမှာ ပလတ်စတစ် ခရက်ဒစ် (အကြွေးဝယ်) ဒက်ဘစ် (လက်ငင်းဝယ်) ကဒ်တွေ သုံးပြီး နေ့စဉ် ဝယ်ခြမ်းနေကြပေမယ့် ငွေစက္ကူကိုတော့ လက်မလွှတ်ရသေးပါဘူး။ ဒါ့ကြောင့် ကနေဒါနိုင်ငံက ဒီလ ပြီးခဲ့တဲ့ အပတ်က ပလတ်စတစ်ပိုက်ဆံ (ငွေပလတ်စတစ်) ကို တရားဝင်သုံးငွေအဖြစ် စတင်ထုတ်ဝေလိုက်ပါတယ်။

ဒီ (ငွေပလတ်စတစ်) ဟာ ပိုလီမာ လို့ခေါ်တဲ့ ပလတ်စတစ်တမျိုးနဲ့လုပ်ထားပါတယ်။ ဒီ ငွေပလတ်စတစ် ဟာ ငွေစက္ကူထက်တာရှည်ခံမှာဖြစ်ပြီး အတုလုပ်မယ့်သူတွေ ခေါင်းကုတ်အဖြေရှာ မရနိုင်အောင် လုံခြုံရေး လှို့ဝှက် သော့ချက်တွေ အများကြီးထည့်ထားတယ်။ ဒီ ငွေပလတ်စတစ် မှာ ကြည်လင်ပြီး တဖက်ကို ဖောက်ထွင်းမြင်ရတဲ့ ပြူတင်းပေါက်နှစ်ပေါက်ပါပါတယ်။ ကနေဒါနိုင်ငံရဲ့သင်္ကေတဖြစ်တဲ့ မေပယ်လ်ရွက်ပုံ ပထမပြူတင်းပေါက်မှာ အတုလုပ်လို့မရအောင် ဖန်တီးထည့်သွင်းထားတဲ့ လုံခြုံရေး လှို့ဝှက် သော့ချက်တွေပါတယ်။ အလင်းရောင်မှာ ထောင်ကြည့်လိုက်ရင် ဒီ ငွေပလတ်စတစ်ရဲ့တန်ဘိုးကို စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပြီး ရေးထားတယ်။

ကနေဒါ ဒေါ်လာ ၁ဝဝ တန် ငွေပလတ်စတစ်ရဲ့ အရှေ့ဘက်ခြမ်းက အလယ်ခေါင်မှာ ဝန်ကြီးချုပ် ရောဘတ် ဘော်ဒင် ရုပ်ပုံကို ထင်ရှားကြီးမားစွာ ရိုက်နှိပ်ထားပါတယ်။

http://patheincity.com/news//HLIC/f512930087a77cf4723ea60e72cc745a.jpg

နောက်ထပ် ဒုတိယ ပြူတင်းပေါက်ဟာ အရွယ်အစား ပိုပြီးကြီးတယ်။ ဒီငွေပလတ်စတစ်အလယ်ခေါင်မှာ ထင်ထင်ရှားရှား ပုံနှိပ်ထားတဲ့ နိုင်ငံတော်က လေးစားမြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်ပုံကို၊ ဒုတိယပြူတင်းပေါက်ရဲ့ အထက်ပိုင်းမှာ သတ္ထုရောင်လွင်လွင်နဲ့ခပ်သေးသေး ခြုံ့ပြီး ထပ်မံရိုက်နှိပ်ထားပါတယ်။ ဒီရုပ်ပုံရဲ့ အောက်နားမှာ ကိန်းဂဏန်းတန်ဘိုးတွေကို ထပ်မံရိုက်နှိပ်ထားပါတယ်။ ကိန်းဂဏန်းတန်ဘိုးတွေရဲ့ အောက်မှာ ကနေဒါက ထင်ရှားတဲ့ အဆောက်အဦတခုပုံကို သတ္ထုရောင်လွင်လွင်နဲ့ရိုက်နှိပ်ထားပါတယ်။ ဒီငွေပလတ်စတစ်ကို ခပ်ရွရွ တွန့်လိမ်ကြည့်ရင် ရုပ်ပုံလေးတွေပေါ်မှာ ရောင်စုံတွေ ပြေးသန်းနေတာ တွေ့ရပါလိမ့်မယ်။ ဒီငွေပလတ်စတစ်ရဲ့ ကျောဘက်အခြမ်းမှာ ဆေးသိပ္ဗံသုတေသီ အဏုကြည့်မှန်ဘီလူးနဲ့ရှာဖွေစူးစမ်းနေပုံကို၊ အရှေ့ဘက်ခြမ်းမှာလို အဆင့်မြင်တဲ့ နည်းပညာ လုံခြုံရေး လှို့ဝှက် သော့ချက်တွေနဲ့ ဖန်တီးထားပါတယ်။

http://patheincity.com/news//HLIC/1a8882250f92b3be2d3cb28f9709dae6.jpg


ဒီငွေပလတ်စတစ် ပိုလီမာမျက်နှာပြင်ဟာ ချောမွေ့နေပေမယ့် ရိုက်ထားတဲ့ ဆေးသားက ဖောင်းကြွနေတယ်ဆိုတာ ထင်ထင်ရှားရှား ပုံနှိပ်ထားတဲ့ နိုင်ငံတော်က လေးစားမြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်ပုံ အနားစပ်ကလေးတွေနဲ့ စာတမ်းတွေကို လက်ချောင်းကလေးနဲ့ဆွဲတိုက် ပွတ်ကြည့်ရင် သိနိုင်ပါတယ်။ အတုလုပ်လို့မရအောင် ဖန်တီးထည့်သွင်းထားတဲ့ လုံခြုံရေး လှို့ဝှက် သော့ချက်တွေကို အဆင့်မြင်တဲ့ နည်းပညာတွေ ထည့်ထားနိုင်ရုံမကပါဘူး။ ဒီငွေပလတ်စတစ် ရိုက်နှိပ်ခ ထုပ်လုပ်ခဟာ ငွေစက္ကူ ရိုက်နှိပ်ခ ထုပ်လုပ်ခထက် ၂ဆကျော်လောက် သက်သာတဲ့အပြင်၊ ငွေစက္ကူထက်တာရှည်ခံမှာဖြစ်လို့ အကြိမ်ကြိမ် ပြန်လည် ရိုက်နှိပ်စရာ သိပ်မလိုတော့ဟု သိရပါတယ်။

၂ဝ၁၁ ခု၊ နိုဝင်ဘာ (၁၄) ရက်နေ့က ကနေဒါ ဒေါ်လာ ၁ဝဝ တန် စတင်ထုတ်ဝေပါတယ်။ ၂ဝ၁၂ ခု မတ်လမှာ ကနေဒါ ဒေါ်လာ ၅ဝ တန် ထုတ်ဝေပါမယ်။ ၂ဝ တန်၊ ၁ဝ တန်နဲ့ ၅ ဒေါ်လာတန် တွေ ၂ဝ၁၃ အတွင်းမှာထုတ်ဝေမယ်လို့ သိရပါတယ်။

No comments:

Post a Comment