ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Friday, July 22, 2011

Samsung ၏ ဒုတိယမျိုးဆက် tablet PC တောင်ကိုရီးယားတွင် စတင် မိတ်ဆက်

တောင်ကိုရီးယား အီလက်ထရွန်းနစ် အင်အာကြီး ကုမ္ပဏီ Samsung သည် ၎င်း၏ နာမည်ကျော် ကွန်ပျူတာပြား Samsung Galaxy Tab ၏ ဒုတိယမျိုးဆက်ဖြစ်သာ Samsung Galaxy Tab 10.1 ကို ဆိုးလ်မြို့တော်ရှိ Samsung အီလက်ထရွန်းနစ် ကော်ပိုရေးရှင်း၏ ရုံးချုပ်တွင် ဇူလိုင်လ ၂၀ ရက်နေ့က စတင်မိတ်ဆက် ပြသခဲ့သည်။



၂၀၁၀ ခုနှစ်အတွင်း အများအပြား ထွက်ပေါ်လာသော ကွန်ပျူတာပြား (Tablet PC) များအနက် Apple ကုမ္ပဏီ၏ ကမ္ဘာကျော် ကွန်ပျူတာပြား Apple iPad ၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်လာသော Samsung Galaxy Tab ကို ၂၀၁၀ အောက်တိုဘာလအတွင်းက ထောင်ဖြတ် မျက်နှာပြင် ၇ လက်မရှိသော ပထမမျိုးဆက် ကွန်ပျူတာပြားအဖြစ် ကမ္ဘာ့ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။


http://patheincity.com/news//HLIC/de0ada4062043bcaf95b2cc502c24e34.jpg


http://patheincity.com/news//HLIC/eabf2c8d6d0bdd31d686255207a9faa8.jpg


http://patheincity.com/news//HLIC/3b23b8c10ae30aca2681762e00b7bdb9.jpg


http://patheincity.com/news//HLIC/f0d6753cf1b55e90079314d66164825b.jpg


http://patheincity.com/news//HLIC/bc96cbc41cb58fa0148761051cab657c.jpg



ယခု ပြသခဲ့သော Samsung Galaxy Tab 10.1 သည် Google ၏ နာမည်ကျော် မိုဘိုင်း OS ဖြစ်သော Android 3.1 ကိုအသုံးပြုထားကာ Apple iPad ထက် ပိုမိုကြီးမားသော ထောင့်ဖြတ်မျက်နှာပြင် ၁၀.၁ လက်မရှိပြီး ပိုမိုလျင်မြန်သော တွက်ချက်မှုနှင့် အလေးချိန်ပိုမိုပေါ့ပါးကြောင်း သိရသည်။

No comments:

Post a Comment