ပန်းမြို့ တော်မှ သူငယ်ချင်းအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်....

Tuesday, May 31, 2011

၂၀၂၂ ခုနှစ်တွင် နျူကလီးယား စွမ်းအင်စက်ရုံများ အားလုံး ပိတ်သိမ်းရန် ဂျာမနီ စီစဉ်

ဘာလင်-May 30, 2011

ဂျာမန်အစိုးရသည် အစိုးရအဖွဲ့အတွင်း ၁၂ နာရီအကြာ ဆွေးနွေးပြီးနောက် ဂျာမနီ နိုင်ငံတွင်းရှိ နျူကလီးယား စွမ်းအင်စက်ရုံ (၁၇) ရုံးစလုံးအား လာမည့် ၂၀၂၂ ခုနှစ်တွင် အပြီးတိုင် ပိတ်သိမ်းရန် စီစဉ်နေကြောင်း မေလ ၃၀ ရက် တနင်္လာနေ့ နံနက်ပိုင်းက ကြေငြာခဲ့သည်။


http://patheincity.com/news//HLIC/f7a0bf67973b5d1344073c04f949066b.jpg


သဘာဝပါဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး Norbert Roettgen ကပြောကြားရာတွင် ဂျပန်နိုင်ငံ၏ ဖူကူရှိးမား အနုမြူ ဓါတ်ပေါင်းဖို ဘေးအန္တရယ် ကျရောက်ခဲ့သော မတ်လအတွင်းကပင် သက်တမ်းကြာနေပြီးဖြစ်သော နျူကလီးယား စွမ်းအင်စက်ရုံ (၇) ခုကို ရပ်တန့်ထားပြီး ဖြစ်ကာ ၎င်းတို့အနက် Kruemmel နျူကလီးယား စွမ်းအင်စက်ရုံ ကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။


ကျန် နျူကလီးယား စွမ်းအင်စက်ရုံ (၆) ခုကို လာမည့် ၂၀၂၁ ခုနှစ်တွင် ပိတ်သိမ်းသွားမည် ဖြစ်ပြီး နိုင်ငံ၏ အသုံးပြုသော စုစုပေါင်းစွမ်းအင် ပမာဏ၏ ၂၃ ရာခိုင်နှုန်းဖြစ်သော နျူကလီးယား စွမ်းအင်စက်ရုံများ ပိတ်သိမ်းပြီးနောက် ပေါ်ပေါက်လာနိုင်သော လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများအတွက် အရန်အဖြစ် နောက်ဆုံး တည်ဆောက်ထားသော စက်ရုံ (၃)ရုံကို ၂၀၂၂ ခုနှစ်အထိ လည်ပါတ်ထားမည်ဖြစ်ကြောင်း သိရသည်။


http://patheincity.com/news//HLIC/54e5d4cd6ec51ad8f93b664022bab234.png



“အခုဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က တိကျပြတ်သားပြီး ခိုင်မာပါတယ်။ ဆုံးဖြတ်ချက်ကို ပြန်လည် ပြောင်းလဲစရာ အကြောင်းလည်း မရှိပါဘူး” ဟု သဘာဝပါဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး Norbert Roettgen က ပြောကြားပါသည်။


ယခုဆုံးဖြတ်ချက်သည် ပြီးခဲ့သော နှစ်က ဂျမန်အစိုးရက ၂၀၃၅ ဟု သတ်မှတ်ခဲ့သည့် နျူကလီယား စွမ်းအင်စက်ရုံများ ပိတ်သိမ်းမည့် အချိန်ကို ရှေ့သို့တိုးကာ ၂၀၂၂ အဖြစ် ပြန်လည်ဆွေးနွေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment